DVB Logo
Home
မြန်မာသတင်း
နတ်သံကွင်းမြို့၌ အမေများနေ့နှင့် မိခင်ပေါင်း ၂၀၀ကျော်၏ အမေ့ခြေရာခံယူပွဲ ကျင်းပ
DVB
·
January 2, 2018
နတ်သံကွင်းမြို့၌ အမေများနေ့နှင့် မိခင်ပေါင်း ၂၀၀ကျော်၏ အမေ့ခြေရာခံယူပွဲ ကျင်းပ
Donate to DVB

 

အမေများနေ့နဲ့ အမေ့ခြေရာခံယူပွဲကို ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့မှာ ဇန်နဝါရီ ၁ ရက် မနက်က နတ်သံကွင်းဒေသမှာရှိတဲ့ လူငယ်တွေ စုပေါင်းပြီး ပထမဆုံးအကြိမ် ကျင်းပပါတယ်။

ပွဲစီစဉ်သူ ကိုဝင်းထွန်းဦးက “တက်ရောက်လာတဲ့ မိခင်တွေကို ခင်ပွန်းကြီးဆယ်ပါး ထမင်းကျွေးပြီး တက်ရောက်လာတဲ့ မိခင်တွေရဲ့ ခြေထောက်တွေကို သားသမီးမှ သန့်စင်ပေးတာနဲ့မိခင်တွေရဲ့ ခြေရာတွေကို သားသမီးတွေက ကူးယူတာတွေကို ပြုလုပ်ခဲ့ကြတယ်”လို့ ပြောပါတယ်။

မိခင်တွေအနေနဲ့လည်း နောက်ပိုင်းမှာ အခုလိုပွဲတွေကို အမြဲကျင်းပစေချင်တယ်လို့ အမေများနေ့နဲ့ အမေ့ခြေရာခံယူပွဲ တက်ရောက်လာသူ မိခင်တဦးဖြစ်တဲ့  ဒေါ်သန်းညွန်း က  ပြောပါတယ်။

အမေများနေ့နဲ့ အမေ့ခြေရာခံယူပွဲကိုတက်ရောက်လာတဲ့  ကျောက်ကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဆန်းဦးက “ဒီနေ့လူငယ်တွေဟာ မိခင်တွေကို မေ့နေကြပြီး အနက်မိုးလင်းတာနဲ့ ဖုန်းတလုံးနဲ့ အလုပ်ရှုပ်နေကြပြီး ရိုင်းစိုင်းမှုတွေလည်း ရှိလာနေတယ်။”လို့ ပြောပါတယ်။

အခမ်းအနားကို နတ်သံကွင်းဒေသတွင်းမှာရှိတဲ့ မိခင်ပေါင်း ၂၀၃ ဦး တက်ရောက်ခဲ့ပြီး အသက် ၅၀ ကျော်အရွယ်မှ အသက် ၁၀၀ အထိရှိ မိခင်တွေပါဝင်ကြပါတယ်။ မိခင်တွေရဲ့ခြေရာကို ထုံးနဲ့ နနွင်းတွေ ဖျော်ထားတဲ့ ရေနဲ့ခြေထောက်ကို သုတ်လိမ်းပြီး မိခင်တွေရဲ့ ခြေရာကို အမှတ်တရသိမ်းဆည်းဖို့ ကူးယူခဲ့ကြပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013