Home
မြန်မာသတင်း
ကျိုက်ထီးရိုးစေတီတော် ဆီမီးကိုးထောင်ပူဇော်ပွဲ ကျင်းပ
DVB
·
January 2, 2018
26219488_1579038642193927_7768443307766128278_n
26195393_1579038465527278_217508665333718910_n
26169720_1579038545527270_4413491346272528653_n
26167425_1579038498860608_6944844640319979007_n
26167399_1579038368860621_6039046821581951433_n
26166826_1579038598860598_6278188852169603895_n
26114247_1579038408860617_2382211673544338475_n
  ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မှာ နှစ်စဉ်ကျင်းပတဲ့ ဆီမီးကိုးထောင် ပူဇော်ပွဲကြီးကို အကြိမ်၄၀ မြောက်အဖြစ် ဇန်နဝါရီ ၁ ရက်ညက ခန္ဒီ၊ သစ္စာ၊ သာသနာ အဖွဲ့သားတွေ ဦးဆောင်ပြီး ဘုရားဖူးဧည့်သည်တွေနဲ့အတူ ကျိုက်ထီးရိုးရင်ပြင်တော်မှာ ထွန်းညှိပူဇော်ခဲ့ကြပါတယ်။ ခန္ဒီ၊ သစ္စာ၊ သာသနာ အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်က “အဝေးမှာရှိတဲ့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေလည်း ဖူးမျှော်လို့ရအောင် ဒီဆံတော်ရှင် ဘုရားကြီးမှာ ဇန်နဝါရီ ၁ ရက်နေ့ကို နေ့ထူးနေ့မြတ်အနေနဲ့ ပူဇော်ချင်တယ်ဆိုပြီး စတင်ခဲ့ကြတာ”လို့ ပြောပါတယ်။ ဆီမီးကိုးထောင် ပူဇော်ပွဲအပြင် ဆွမ်းကိုးထောင်၊ ရေချမ်းကိုးထောင်၊ နံ့သာတိုင် ကိုးထောင်၊ သစ်သီးအလှ ၁၀၈ပွဲ၊ ပန်းစေတီတို့ကိုလည်း ဆည်းကပ်လှူဒါန်းခဲ့တာတွေအပြင် သံဃာတော်တွေကို ဆွမ်းဆန်စိမ်း လောင်းလှူခြင်းတွေနဲ့အတူ အာရုံဆွမ်း၊ နေ့ဆွမ်းများ ကပ်လှူ ပူဇော်တာတွေပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။ ဒီ ဆီမီးကိုးထောင် ပူဇော်ပွဲပြုလုပ်ပြီး ငါးကြိမ်မြောက်မှာ ဆီမီးကိုးထောင် ဓမ္မာရုံကြီးကို ရေစက်ချလှူဒါန်းခဲ့ပါတယ်။ အခုဆိုရင် ဒီဓမ္မာရုံကြီးမှာ အနယ်နယ်အရပ်ရပ်က ဘုရားဖူး ပြည်သူတွေ ရဟန်းသံဃာတွေ အခမဲ့ တည်းခိုနိုင်နေပြီဖြစ်ပါတယ်။ ဆီမီးကိုးထောင်ပူဇော်ပွဲကျင်းပဖို့ ရန်ကုန်၊မန္တလေး၊ တောင်ကြီး၊ ပင်လောင်း၊ ကျောက်မဲ၊ ဧရာဝတီတိုင်း စတဲ့ဒေသတွေက ဘုရားဖူးတွေ စုပေါင်းလာရောက်ကြတာဖြစ်ပါ တယ်။ ဒါ့အပြင် ခန္ဓီ၊ သစ္စာ၊ သာသနာ အဖွဲ့အနေနဲ့ ကျိုက်ထီးရိုး ရင်ပြင်တော်ရှိ ဆီမီးကိုးထောင် ဓမ္မာရုံကြီးကိုလည်း ပြုပြင်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။ သတင်း - ဟိန်းထက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024