DVB Logo
Home
မြန်မာသတင်း
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်ရန် တရုတ်စိတ်အားထက်သန်
DVB
·
January 2, 2018
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်ရန် တရုတ်စိတ်အားထက်သန်
Donate to DVB

 

တရုတ်နိုင်ငံက စီးပွားရေးစင်္ကြံ တည်ဆောက်ဖို့ စိတ်အား ထက်သန်မှုရှိတယ်လို့  စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအောင်ထူး က ပြောပါတယ်။

တရုတ်နိုင်ငံ ရွှေလီမှာ ကျင်းပခဲ့တဲ့  တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးနဲ့  ကုန်သွယ်မှုပြပွဲကို တက်ရောက်ခဲ့တဲ့ ဦးအောင်ထူးကို အစိုးရသတင်းစဉ်က တွေ့ဆုံမေးမြန်းရာမှာပြောခဲ့တာ ဖြစ်ပါတယ်။

မြန်မာ-တရုတ် နှစ်နိုင်ငံအနေနဲ့  မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ ထူထောင်ဖို့၊  နယ်စပ် ဒေသမှာ ပူးတွဲစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဇုန်တွေ တည်ထောင်ဖို့နဲ့  မြန်မာ နိုင်ငံဘက်ကနေ ကျွဲ၊ နွားအရှင်တွေကို တရုတ်ဘက်က ဝယ်ယူလိုတဲ့ကိစ္စတွေ ဆွေးနွေးနိုင်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ကူမင်း-ရွှေလီမီးရထားလမ်းကို ဖောက်လုပ်နေပြီး  ဒီရထားလမ်းဟာ နောင်တချိန်မှာ မြန်မာနိုင်ငံဘက်က ရခိုင်ပြည်နယ် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ဘက်ကို ဆက်သွယ်ဖို့ စီမံလုပ်ဆောင်နေပါတယ်။

အဲ့ဒီကတဆင့်  မ္တလေးမြို့ကနေ ရန်ကုန်မြို့အထိ ဆက်သွယ်ဖို့ အတွက် ရည်မှန်းထားတာ ဖြစ်ပြီး  ကူမင်းနဲ့ ကျောက်ဖြူ ရထားလမ်းကြီးကို တည်ဆောက်နိုင်ခဲ့မယ်ဆိုရင် တရုတ်နိုင်ငံ အနေနဲ့ ဥရောပနိုင်ငံတွေအပြင် အာဖရိကနိုင်ငံတွေနဲ့ပါ ဆက်သွယ်မှုတွေ တိုးတက်သွားမှာ ဖြစ်ပါတယ်၊

တဆက်တည်းပဲ မြန်မာနိုင်ငံအတွင်းမှာလည်း လမ်းပန်းဆက်သွယ်ရေးတွေ ပိုမို ကောင်းမွန်လာမှာ ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုလည်း တိုးတက်လာမှာဖြစ်ပါတယ်။

မြန်မာ-တရုတ် စီးပွားရေးစင်္ကြံကြီးဟာတရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကိုယ်တိုင် အဆိုပြုခဲ့တဲ့ စီမံကိန်းလည်း ဖြစ်ပါတယ်။

အခု ရွှေလီကုန်စည်ပြပွဲအတွင်း တရုတ်က လူစီးကားတွေကို ကုန်းလမ်းခရီးကနေ မြန်မာနိုင်ငံကို  တင်သွင်းဖို့ အဆိုပြုခဲ့တယ်လို့လည်း သိရပါတယ်။

ဒီကုန်စည် ပြပွဲအတွင်းမှာ ညီနောင်မြို့တွေဖြစ်တဲ့ ကူမင်းနဲ့ ရန်ကုန်မြို့တို့ အကြားမှာ ကုန်စည်ဖလှယ်မှုစနစ်နဲ့ ကုန်စည်ရောင်းဝယ်မှု စာချုပ်တွေကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013