DVB Logo
Home
အားကစား
အာဆင်နယ်နှင့် ဒက်ကလန်ရိုက်စ် စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်
DVB
·
October 8, 2026
Photo: REUTERS/David Klein
Photo: REUTERS/David Klein
Donate to DVB

အင်္ဂလန်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ဟာ အာဆင်နယ်အသင်းနဲ့ ရေရှည်သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ ဘီဘီစီအားကစားသတင်းမှာ ဖော်ပြပါတယ်။

အသက် ၂၇ နှစ်အရွယ် ရိုက်စ်ဟာ ၂၀၂၃ ခုနှစ်က ဝက်စ်ဟမ်း အသင်းဆီကနေ ပေါင် ၁၀၅ သန်းနဲ့ ရောက်ရှိလာသူ ဖြစ်ပြီး၊ အာဆင်နယ်အတွက် ၁၆၅ ပွဲ ပါဝင်ကစားပေးထားသလို ပြီးခဲ့တဲ့ ရာသီက အသင်းရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိရေးမှာ အဓိက ကူညီပေးခဲ့သူ ဖြစ်ပါတယ်။

စာချုပ်သစ်အရ သူ့ရဲ့ လက်ရှိ တပတ် လုပ်ခ ပေါင် ၂၄၀,၀၀၀ ထက် ပိုမို ရရှိမှာဖြစ်ပြီး၊ အသင်းမှာ လုပ်ခ အများဆုံးရရှိနေတဲ့ ဆာကာလိုပဲ တပတ်ကို ပေါင် ၃၅၀,၀၀၀ ဝန်းကျင် ရရှိသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013