DVB Logo
Home
မြန်မာသတင်း
ကျမ်း​ကျိန်ပြဿနာ အကျယ်မချဲ့​လိုဟု ​ဒေါ်​အောင်ဆန်း​စုကြည် ​ပြောကြား
DVB
·
April 26, 2012
ကျမ်း​ကျိန်ပြဿနာ အကျယ်မချဲ့​လိုဟု ​ဒေါ်​အောင်ဆန်း​စုကြည် ​ပြောကြား
Donate to DVB

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ကိုယ်စား​လှယ်​တွေ လွှတ်​တော်တက်ဖို့​ အခက်​တွေ့​စေတဲ့​ ကျမ်း​ကျိန်စာသား​ပြဿနာဟာ လုပ်ထုံး​လုပ်နည်း​ ကိစ္စဖြစ်ပြီး​ ဒီကိစ္စကို အကျယ်မချဲ့​စေချင်ဘူး​လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ​ရောက်ရှိ​နေတဲ့​ အီတလီ နိုင်ငံခြား​ရေး​ဝန်ကြီး​ ဂျူလီယို တာဇီနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ ဒီ​နေ့​ ရန်ကုန်မြို့​ တက္ကသိုလ်ရိပ်သာလမ်း​နေအိမ်မှာ ​တွေ့​ဆုံအပြီး​ ပြုလုပ်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ သတင်း​ထောက်​တွေကို ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​ခဲ့​တာပါ။

[caption id="attachment_24610" align="alignright" width="300" caption="အီတလီနိုင်ငံခြားရေးဝန်ကြီးနှင့်​ ​ဒေါ်​အောင်ဆန်းစုကြည်"][/caption]

“ဒါဟာ လုပ်ထုံး​လုပ်နည်း​ဆိုင်ရာ ကိစ္စသက်သက်ဖြစ်တယ်လို့​ ကျမတို့​ မှတ်ယူ​စေချင်ပါတယ်။ နိုင်ငံ​ရေး​ကိစ္စရပ်တခု ဖြစ်လာတဲ့​အထိ​ရောက်​အောင် မချဲ့​စေချင်ပါဘူး​။ ကျမတို့​ အစိုး​ရနဲ့​ပူး​ပေါင်း​ဆောင်ရွက်မှု​တွေ ဆက်လုပ်​နေဦး​မှာပါ။ အထူး​သဖြင့်​ သမ္မတဦး​သိန်း​စိန်ရဲ့​ ပြုပြင်​ပြောင်း​လဲ​ရေး​ ကြိုး​စား​အား​ထုတ်မှု​တွေဟာ ရိုး​သား​မှုရှိတယ်လို့​ ယုံကြည်တဲ့​အတွက်ပါ။ ပြီး​တော့​ သူဟာ မြန်မာပြည်ကို အမှန်တကယ် တိုး​တက်ကြွယ်ဝတဲ့​ တိုင်း​ပြည်အဖြစ် မြင်ချင်သူလို့​ ယုံပါတယ်။ ဒါ့​ကြောင့်​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ မြန်မာပြည်ရဲ့​ ဒီမိုက​ရေစီစနစ်ဆီ ပြုပြင်​ပြောင်း​လဲ​ရေး​ ကြိုး​ပမ်း​မှု​တွေမှာ သမ္မတနဲ့​ ပူး​ပေါင်း​ဆောင်ရွက်မှု​တွေ တိုး​မြှင့်​ ​ဆောင်ရွက်သွား​မယ်။”

ဒါ့​ပြင် အီတလီ နိုင်ငံခြား​ရေး​ဝန်ကြီး​နဲ့​ ​တွေ့​ဆုံရာမှာ မြန်မာပြည်ရဲ့​ အနာဂတ်အ​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​အကူအညီ​ပေး​ရေး​ ကိစ္စ​တွေလည်း​ ​ဆွေး​နွေး​ခဲ့​ကြပြီး​ မြန်မာပြည်​ရှေ့​ရေး​အတွက် သတိနဲ့​ အ​ကောင်း​မြင်တယ်လို့​လည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​ခဲ့​ပါတယ်။

အီတလီနိုင်ငံခြား​ရေး​ဝန်ကြီး​ ဂျူလီယို တာဇီက​တော့​ “မြန်မာပြည်ရဲ့​ အသွင်ကူး​ပြောင်း​ရေး​ ​နောက်ပြန်မလှည့်​ရင် အီး​ယူရဲ့​ ပိတ်ဆို့​ဒဏ်ခတ်မှု ဆိုင်း​ငံ့​ထား​တာဟာလည်း​ ​နောက်​ကြောင်း​ပြန်မသွား​နိုင်ပါဘူး​။ အီး​ယူရဲ့​ ဆုံး​ဖြတ်ချက်ကို အီတလီက အခိုင်အမာ ​ထောက်ခံတယ်လို့​ သမ္မတဦး​သိန်း​စိန်ကို ရှင်း​ပြခဲ့​ပါတယ်။ အီး​ယူက မြန်မာအ​ပေါ် ပိတ်ဆို့​အ​ရေး​ယူမှု ဆိုင်း​ငံ့​ဖို့​ ဆုံး​ဖြတ်လိုက်တာပါ။ ပယ်ဖျက်လိုက်တာ မဟုတ်ပါဘူး​။ ကျ​နော်တို့​ အ​ကောင်း​မြင်ဖို့​လိုပါတယ်။ ဒါ​ပေမယ့်​ တချိန်တည်း​မှာပဲ သတိထား​ရပါမယ်။ ပြီး​တော့​ ဒီမိုက​ရေစီ​ပြောင်း​လဲ​ရေး​ဖြစ်စဉ် ​သေချာ​စေဖို့​၊​ ရပ်တန့်​မသွား​ဖို့​၊​ ​နှေး​ကွေး​မသွား​ဖို့​ကျ​နော်တို့​ အတူတွဲလိုက်ပါသွား​ဖို့​ လိုပါတယ်” လို့​ပြောကြား​ခဲ့​ပါတယ်။

အီတလီ နိုင်ငံခြား​ရေး​ဝန်ကြီး​ဟာ ပြီး​ခဲ့​တဲ့​ရက်​တွေက ​နေပြည်​တော်မှာ သမ္မတ ဦး​သိန်း​စိန်၊​ ပြန်ကြား​ရေး​ဝန်ကြီး​ ဦး​ကျော်ဆန်း​တို့​နဲ့​လည်း​ ​တွေ့​ဆုံ ​ဆွေး​နွေး​ခဲ့​ပါတယ်။

ပြန်ကြား​ရေး​ရေး​ဝန်ကြီး​နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ရာမှ​တော့​ မြန်မာ့​ရိုး​ရာယဉ်​ကျေး​မှု အ​မွေအနှစ်​တွေ ထိန်း​သိမ်း​စောင့်​ရှောက်​ရေး​ကိစ္စ ​ဆွေး​နွေး​ခဲ့​ကြပါတယ်။

ဒီ​ဆွေး​နွေး​ပွဲ တက်​ရောက်ခဲ့​တဲ့​ ​ရှေး​ဟောင်း​ သု​တေသနဌာန ညွှန်ချုပ် ဦး​ကျော်လင်း​ဦး​က “မြန်မာ့​ယဉ်​ကျေး​မှုအ​မွေအနှစ်​တွေ ထိန်း​သိမ်း​ရေး​အတွက် စွမ်း​ရည်မြှင့်​တင်​ရေး​ စီမံကိန်း​တွေကို အီတလီအစိုး​ရနဲ့​ UNESCO (ကုလသမဂ္ဂ ပညာ​ရေး​၊​ သိပ္ပံနှင့်​ယဉ်​ကျေး​မှုအဖွဲ့​)တို့​ ပူး​ပေါင်း​ဆောင်ရွက်ဖို့​ ​ဆွေး​နွေး​ခဲ့​တယ်၊​ လာမယ့်​နှစ်​တွေမှာ မြန်မာ့​ အ​မွေအနှစ်​တွေကို ယူနက်စကိုရဲ့​ ကမ္ဘာ့​ယဉ်​ကျေး​မှု အ​မွေအနှစ်အဖြစ် အမည်စာရင်း​ တင်သွင်း​နိုင်​ရေး​ လုပ်ငန်း​စဉ်​တွေကိုလည်း​ ​ဆွေး​နွေး​ခဲ့​ကြတယ်”လို့​ ရိုက်တာ သတင်း​ကို ​ပြောပါတယ်။

ဒါ့​အပြင် အီတလီအစိုး​ရက မြန်မာ့​ယဉ်​ကျေး​မှုအ​မွေအနှစ် ထိမ်း​သိမ်း​ရေး​ စီမံကိန်း​တွေအတွက် ယူရို​ငွေ ၄ သိန်း​ လှူဒါန်း​ခဲ့​တယ်လို့​ဆိုပါတယ်။

ဒီ​ထောက်ပံမှု​တွေဟာ မြန်မာနိုင်ငံရဲ့​ ​ရှေး​ဟောင်း​အ​မွေအနှစ် ​ဒေသ​တွေ ဖြစ်တဲ့​ ပျူနဲ့​ ပုဂံ ​ဒေသ​တွေကို ထိန်း​သိမ်း​စောင့်​ရှောက်တဲ့​ ​နေရာမှာ အကူအညီ ဖြစ်​စေလိမ့်​မယ်လို့​ UNESCO က ​ပြောကြား​ထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013