DVB Logo
Home
မြန်မာသတင်း
မြိတ်ခရိုင်တွင် ၂၀၁၇ အတွင်း ယာဉ်တိုက်မှုကြောင့် ၇၀ ကျော် သေဆုံး
DVB
·
January 1, 2018
မြိတ်ခရိုင်တွင် ၂၀၁၇ အတွင်း ယာဉ်တိုက်မှုကြောင့် ၇၀ ကျော် သေဆုံး
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်း ၂၀၁၇ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုနဲ့ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ အယောက် ၇၀ ကျော်ရှိတယ်လို့ မြိတ်ခရိုင် အမှတ်(၇၆) ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

ယာဉ်မတော်တဆမှုနဲ့ ယာဉ်တိုက်မှု စုစုပေါင်း ၂၀၅ ခု ဖြစ်ပွားခဲ့ပြီး အမျိုးသား ၆၃ ဦးနဲ့ အမျိုးသမီး ၁၁ ဦး သေဆုံးခဲ့ကာ ၃၄၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ယာဉ်မတော်တဆမှု ဖြစ်များတဲ့ မြို့နယ်တွေက မြိတ်မြို့နယ်နဲ့ ပုလောမြို့နယ်တွေဖြစ်တယ်လို့ မြိတ်ခရိုင် အမှတ် (၇၆) ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူး ကိုကိုက ပြောပါတယ်။

မြိတ်ခရိုင်အတွင်း ၂၀၁၆ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု ၁၉၁ ခုလောက်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၉ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၄၀၈ ဦး ရှိခဲ့တယ်လို့ အမှတ်(၇၆) ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ မှတ်တမ်းများအရ သိရပါတယ်။

မြိတ်မြို့မှာ ၂၀၁၇ ခုနှစ်ကစတင်ပြီး မြို့တွင်း မော်တော်ယာဉ်တွေနဲ့ ဆိုင်ကယ်စီးနင်းသူ ပိုများလာပြီး ယာဉ်တိုက်မှုလည်း မကြာခဏ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

သတင်းနှင့် သတင်းပုံ

ဇော်ဇော် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013