DVB Logo
Home
မြန်မာသတင်း
ဥပဒေပြင်ဆင်လိုက်ခြင်းကြောင့် မုဒိမ်းမှု ပိုများလာဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ပြော
DVB
·
January 1, 2018
ဥပဒေပြင်ဆင်လိုက်ခြင်းကြောင့် မုဒိမ်းမှု ပိုများလာဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ပြော
Donate to DVB

၂၀၁၆ ခုနှစ်ထက် မုဒိမ်းမှု ပိုမိုများပြားလာရတာဟာ မုဒိမ်းမှုဥပဒေ ပြင်ဆင်လိုက်တာကြောင့်ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကပြောပါတယ်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က ပြည်ထောင်စုဥပဒေအမှတ် ၆ ပြင်ဆင်လိုက်တဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၅ ရဲ့ ပဉ္ဓမအပိုဒ်ဖြစ်တဲ့ ယခင်ကအသက် ၁၄ နှစ်အောက် ကလေးငယ်ကို အလိုတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ မုဒိမ်းမှုမြောက်တယ်လို့ ပြဋ္ဌာန်းထားရာကနေ အခု ၁၆ နှစ်အောက် မိန်းကလေးများ အလိုတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ မုဒိမ်းမှုမြောက်တယ်လို့ ပြင်ဆင်သတ်မှတ်လိုက်တာဖြစ်ပါတယ်။

အသက် ၁၆ နှစ်အောက်မိန်းကလေးတွေ သူတို့ရဲ့ ရည်းစားကောင်လေးတွေနဲ့ လိုက်ပြေးတယ်၊ ဒါကို မိဘတွေက အမှုဖွင့်တဲ့အခါမှာ ၃၆၃ ၃၇၆ နဲ့ ရေးဖွင့်ရတာဖြစ်တာကြောင့် မနှစ်ကနဲ့စာရင် မုဒိမ်းမှုတွေ ပိုမိုများပြားလာတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲမှူးလှဝေက ပြောပါတယ်။

၂၀၁၆ ခုနှစ်က မုဒိန်းမှု ၂၂၉ မှုဖြစ်ပွားခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ၂၇၀ ထိ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

သက်ငယ်မုဒိမ်းမှုတွေ လျော့ကျဖို့အတွက် ရပ်မိရပ်ဖတွေ ကလေးမိဘတွေကို ခေါ်ယူပြီး ကျောင်းတွေ ရပ်ကွက်တွေမှာ အသိပညာပေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ရဲမှူးလှဝေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013