DVB Logo
Home
မြန်မာသတင်း
၂၀၁၈ သင့်မြတ်ခြင်းနှင့် ငြိမ်းချမ်းရေး ကြိုဆိုပွဲ မေမြို့တွင်ကျင်းပ
DVB
·
January 1, 2018
၂၀၁၈ သင့်မြတ်ခြင်းနှင့် ငြိမ်းချမ်းရေး ကြိုဆိုပွဲ မေမြို့တွင်ကျင်းပ
Donate to DVB

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အနီးစခန်းအာရှအလင်းရောင် ဘုန်းတော်ကြီးကျောင်းမှာ ဒီဇင်ဘာ ၃၁ ရက်နေ့က လောကသာရ ဖောင်ဒေးရှင်းမှ ဦးဆောင်တဲ့ သင့်မြတ်ခြင်းနှင့် ငြိမ်းချမ်းရေးကြိုဆိုပွဲ ကျင်းပရာ အလွှာပေါင်းစုံက တက်ရောက်ခဲ့ကြပါတယ်။

သင့်မြတ်ခြင်းနှင့်ငြိမ်းချမ်းရေးကြိုဆို ပွဲကျင်းပရာကို လာရာက်လာတဲ့ အလွှာစုံက မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ပြည်တွင်းစစ်မဖြစ်ပွားတော့ပဲ ငြိမ်းချမ်းရေးဖြစ်ပေါ်မှုကို လိုလားကြောင်း တိုင်ပင်ဆွေးနွေး ပြောဆိုကြပါတယ်။

အာရှအလင်းရောင်ဆရာတော်က "လက်ရှိဖော်ဆာင်နေတဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေက ထိုက်သင့်သလောက် အောင်မြင်ပါတယ်။ ဆက်လက်လုပ်ဆောင်နိုင်အောင် ကူညီအားပေးနေတယ်။ ကြေညာချက် ၆ ချက်ထုတ်ပြန်တယ်၊ အကျဉ်းချုပ်ကတော့ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ အနာဂတ်နိုင်ငံတော်ကြီး ဖြစ်လာအောင် စည်းလုံးမှုနဲ့ ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ ဒီအခမ်းအနားက တိုက်တွန်းတာပါပဲ။ သင့်မြတ်ခြင်းနဲ့ ငြိမ်းချမ်ရေးဆုရရှိသူ ဒီနှစ်တော့ ရွေးချယ်မရခဲ့ဘူး၊ အရင်နှစ်တွေက ဆု ၃ ဆုပေးခဲ့ပြီးပြီ၊ ဥူးဝိသုဒ္ဓ(ခ) ဥူးဇင်းပိန်၊ စောဖိုးခွား၊ ပန်းရဲ့လမ်း အဖွဲ့တို့ကို သင့်မြတ်ခြင်းနဲ့ငြိမ်းချမ်းရေး ဆုတွေပေးခဲ့တယ်" လို့ပြောပါတယ်။

လောကသာရဖောင်ဒေးရှင်းမှ ဦးဆောင်သူဦးဇော်သန်းက "ငြိမ်းချမ်းရေးလိုလားပြီး ငြိမ်းချမ်းရေးရရှိအောင် အလွှာစုံက အားထုတ်ကြိုးစားစေချင်တယ်။ ငြိမ်းချမ်းရေးကို အခြေခံပြီး သင့်မြတ်ခြင်းနဲ့ တွဲဖက်ကာ နောင်လာနောင်သားတွေက ငြိမ်းချမ်းရေးဆိုတဲ့ မွှေးပျံ့ပြီး မညှိုးတဲ့ ပန်းများနဲ့ လောကကို အလှဆင်တဲ့သူတွေ ဖြစ်လာစေချင်တယ်။ အဲဒီရည်ရွယ်ချက်နဲ့ပဲ ဒီပွဲကိုကျင်းပတယ်။ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ အလွှာစုံက လာကြတယ်။ စစ်ဖြစ်နေတဲ့ဒေသကလူတွေ၊ စစ်မဖြစ်တဲ့ ဒေသကလူတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ အားလုံး တက်ရောက်ကြတယ်” လို့ ပြောပါတယ်။

ဗန်းမော်မြို့က ကချင်တိုင်းရင်းသား ကိုမျိုးလတ်အောင်က “ဒီဇင်ဘာဆိုတာ ကျနော်တို့ဆီမှာ ပျော်ရွှင်ပွဲတွေ လုပ်ကြတယ်၊ ဒါပေမယ့် အားလုံးက ပဋိပက္ခနဲ့ စစ်ပွဲတွေရဲ့ မငြိမ်းချမ်းမှုကြားမှာ သာယာမှုမဲ့စွာ နေကြရတော့ မပျော်နိုင်ကြဘူးပေါ့။ ဒါတွေကို အမြန်ဆုံး ချုပ်ငြိမ်းစေချင်တယ်။ စစ်ပွဲတွေ မရှိတော့ဘဲ ငြိမ်းချမ်းသွားမယ်ဆိုရင် တိုင်းရင်းသားတွေ အားလုံး စည်းလုံးညီညွှတ်မှုနဲ့ အားထုတ်ကြိုးစားလိုက်ရင် ဖွံ့ဖြိုးတိုးတက်ခြင်းဆိုတဲ့ အသီးအပွင့်တွေ ဝေဆာလာမှာ သေချာတယ်” လို့ ပြောပါတယ်။

၈ ကြိမ်မြောက်အဖြစ် အာရှအလင်း ရောင်ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပတဲ့ သင့်မြတ်ခြင်းနှင့်ငြိမ်းချမ်းရေးကြိုဆိုပွဲကို ငြိမ်းချမ်းရေးလိုလားကြတဲ့ အလွှာပေါင်းစုံမှ တက်ရောက်ကြသူ ဦးရေ ၁၀၀၀ ကျော်ရှိပြီး နေ့ခင်းပိုင်းမှာ သင့်မြတ်ခြင်းနှင့်ငြိမ်ချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်ပါတယ်။

ရှေ့နေကြီး ဦးသိန်းသန်းဦး၊ စာရေးဆရာညီပုလေး၊ ဦးသိန်းနိုင် တို့နဲ့ တက်ရောက်လာကြသူတွေ သင့်မြတ်ရေး ငြိမ်းချမ်းရေး အကြောင်းအရာတွေ ဆွေးနွေးကြပါတယ်။

တိုင်းရင်းသားဂီတဖျော်ဖြေမှု၊ စောဖိုးခွားအဖွဲ့၊ ပန်းရဲ့လမ်းအဖွဲ့တို့က ညပိုင်းမှာ ငြိမ်းချမ်းရေးသီချင်းများ သီဆိုကာဖျော်ဖြေပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013