DVB Logo
Home
မြန်မာသတင်း
ကြာပန်းဆင်းခူးရာမှ ကလေးငယ် ၃ ဦး ရေနစ်သေဆုံး
DVB
·
January 1, 2018
ကြာပန်းဆင်းခူးရာမှ ကလေးငယ် ၃ ဦး ရေနစ်သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ သံပုရာပင်စုကျေးရွာနားက သဖန်းဆိပ် ဆည်ရေဝင်ဧရိယာအစပ်မှာ ဒီဇင်ဘာ ၃၀ ရက်နေ့ မနက် ၁၀ နာရီခွဲက ကလေးငယ် ၃ ဦး ရေနစ်သေဆုံးခဲ့ပါတယ်။

သတင်းအရ မြို့မရဲစခန်း တပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးခဲ့ရာ အဲဒီရွာနေ မခိုင်ဇင်ထွန်း (၁၀) နှစ်၊ မသဲစုလှိုင် (၁၃) နှစ်နဲ့ ကျီးကုန်း ကျေးရွာနေ မောင်ဝေဠုအောင် ၁၄ နှစ်တို့ဟာ သဖန်းဆိပ်ဆည်ရေဝင်ဧရိယာအစပ်မှာ ကြာပန်းဆင်းခူးနေတုန်း ရေနစ်သေဆုံး ခဲ့ကြတာလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြပါတယ်။

ကျွန်းလှမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၈/၂၀၁၇ နဲ့ ရေးဖွင့်စစ်ဆေးနေကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013