DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းတွင် ၂၀၁၇ အတွင်း လူသတ်မှုလျော့ကျ၊ မုဒိမ်းမှုတိုးလာ
DVB
·
January 1, 2018
ရန်ကုန်တိုင်းတွင် ၂၀၁၇ အတွင်း လူသတ်မှုလျော့ကျ၊ မုဒိမ်းမှုတိုးလာ
Donate to DVB

ရန်ကုန်တိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က လူသတ်မှုနဲ့ ဓားပြမှုတွေ လျော့နည်းသွားပြီး မုဒိမ်းမှုတွေ သိသိသာသာ တိုးလာတယ်လို့ တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

၂၀၁၆ ခုနှစ်မှာ အမှုကြီး ၁၀ မျိုးထဲက လူသတ်မှု ၁၈၀ မှု၊ မုဒိမ်းမှု ၂၂၉ မှု၊ လုယက်မှု ၅၁ မှု အပါအဝင် အမှုပေါင်း ၄၆၉ မှု ဖြစ်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာတော့ လူသတ်မှု ၁၅၆ မှု၊ လုယက်မှု ၄၅ မှုနဲ့ မုဒိမ်းမှု ၂၇၀ မှု ဖြစ်ခဲ့ပါတယ်။ မုဒိမ်းမှုမှာ အရွယ်ရောက်ပြီး ပြုကျင့်ခံရတာ ၈၄ မှု၊ ခိုးယူပေါင်းသင်းပြီး ပြုကျင့်ခံရတာ ၁၁၆ မှုနဲ့ သက်ငယ် မုဒိမ်းပြုကျင့်ခံရတာအမှု ၇၀ ရှိပါတယ်။

နှိုင်းယှဉ်မယ် ဆိုရင်တော့ ၂၀၁၇ ခုနှစ်မှာ လူသတ်မှု ၂၄ မှု၊ ဓားပြမှု ၁ မှု၊ လုယက်မှု ၆ မှု၊ ပြန်ပေးမှု ၁ မှု၊ ဖောက်ထွင်းမှု ၅ မှု၊ လက်နက်မှု ၂ မှု လျော့နည်းဖြစ်ပွားခဲ့ပြီး မုဒိမ်းမှု ၄၁ မှု၊ တိရိစ္ဆာန်ခိုးမှု ၅ မှုနဲ့ မတရားအသင်း ၂ မှု ပိုဖြစ်ခဲ့ပါတယ်။

တခြား အမှု ၁၀ မျိုးမှာတော့ ၂၀၁၇ ခုနှစ်မှာ ၁၆၀၀၈ မှု ဖြစ်ပွားလို့ ၂၀၁၆ ခုနှစ်ထက် ၁၂၇၄ မှုပိုဖြစ်ခဲ့တာပါ။

ပိုဖြစ်တဲ့ အမှုတွေက လိမ်လည်မှု၊ အလွဲသုံးစားမှု၊ လူကုန်ကူးမှု၊ ဆက်သွယ်ရေးဥပဒေဖြင့်

အရေးယူမှု၊ ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေနဲ့ အရေးယူမှုတွေ ဖြစ်ပါတယ်။

ကြိုတင် ကာကွယ်ဖမ်းဆီးတဲ့ အမှုပေါင်းကတော့ ၂၀၁၇ ခုနှစ်မှာ ၅၂၅၂၄ မှုဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013