DVB Logo
Home
မြန်မာသတင်း
အဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ လွတ်လပ်စွာ ဖွဲ့မည်
DVB
·
January 1, 2018
အဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ လွတ်လပ်စွာ ဖွဲ့မည်
Donate to DVB

အမျိုးသားဒီမိုကရေးအဖွဲ့ချုပ်မှာ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်မယ့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်တွေကို ရှာဖွေဖွဲ့စည်းသွားမယ်လို့ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဒီဇင်ဘာလ ၃၁ ရက်ကပြုလုပ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမ ဗဟိုကော်မတီ၊ အဋ္ဌမအကြိမ်အစည်းအဝေး နဲ့ပတ်သက်တဲ့ သတင်းစာရှင်းပွဲမှာ ဦးဉာဏ်ဝင်းက ပြောခဲ့တာ ဖြစ်ပါတယ်။

ဗဟိုကော်မတီအစည်းအဝေးမှာ အဆင့်ဆင့်သော အလုပ်အမှုဆောင်အဖွဲ့တွေကို အစားထိုးဖြည့်ဆည်းဖို့၊ ပါတီစည်းရုံးရေးလုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်ဖို့၊ ပါတီ၊ အစိုးရ၊ လွှတ်တော် ဟန်ချက်ညီညီ ဆောင်ရွက်ဖို့၊ ပါတီစည်းကမ်းထိန်းသိမ်းရေး အဖွဲ့အဆင့်ဆင့်ကို ပြန်လည်ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် ဗဟိုကဖွဲ့စည်းတဲ့ လုပ်ငန်းအဖွဲ့များကို ပြန်လည်သုံးသပ်ပြီး ဖြည့်ဆည်းဖို့၊ စစ်ဘေးရှောင်ပြည်သူတွေကို တတ်နိုင်သလောက် ပံ့ပိုးကူညီသွားဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။

ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ဒုတိယအကြိမ် ပါတီညီလာခံကျင်းပရေး ဆောင်ရွက်ဖို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လှုပ်ရှားမှုတွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ဖို့နဲ့ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လုပ်ဆောင်သွားမယ်လို့ အစည်းအဝေးက ဆုံးဖြတ်ခဲ့ပါတယ်။

ဒီဇင်ဘာ ၃၀ နဲ့ ၃၁ ရက် နှစ်ရက်တာပြုလုပ်ခဲ့တဲ့ အဖွဲ့ချုပ်ဗဟိုကော်မတီ အစည်းအဝေးကို ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေ၊ လွှတ်တော်ဥက္ကဋ္ဌတွေ၊ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ၊ ဗဟိုကော်မတီဝင်တွေနဲ့  အရန်ဗဟိုကော်မတီဝင်တွေ တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာ ကော်မတီအလိုက် အစီရင်ခံစာ တွေ တင်သွင်းခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013