DVB Logo
Home
မြန်မာသတင်း
အင်းတော်တွင် မျက်စိဝေဒနာရှင်များကို အခမဲ့ ဆေးကုသမှုပေး
DVB
·
January 1, 2018
အင်းတော်တွင် မျက်စိဝေဒနာရှင်များကို အခမဲ့ ဆေးကုသမှုပေး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့မ ပရိယတ္တိစာသင်တိုက် ကျောင်းဝင်းအတွင်းမှာ ဒီနေ့မနက်ပိုင်းက မန္တလေးမြို့ပြည်သူ့ဆေးရုံကြီး မျက်စိကု ပါရဂူပါမောက္ခသမားတော်ကြီး ဒေါက်တာရီရီအောင် ဦးဆောင်တဲ့အဖွဲ့က မြို့နယ်အတွင်းက မျက်စိဝေဒနာရှင်တွေကို ဆေးဝါးတွေ အခမဲ့ကုသပေးနေတယ်လို့ သိရပါတယ်။

“အလှူရှင်တွေစုပြီး ကျမတို့မြို့အနယ်ထဲက ဆင်းရဲသား မျက်စိဝေဒနာရှင်တွေ ငွေကြေးပြည့်စုံပြီး အသက်ကြီးရွယ်အိုတွေကို စက္ခဒါနပြုလုပ်ပေးချင်တဲ့ ရည်ရွယ်ချက်တွေကြောင့် မျက်စိကုဆရာဝန်ကြီးတွေနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်ပေးတာပါ။ ကျမတို့ဆီကို မျက်စိဝေဒနာရှင် စာရင်းပေး ထားသူ ၁၂၀၀ ဦးကျော်ရှိပါတယ်” လို့ အလှူရှင် ဒေါ်စန်းစန်းမြိုင်ကပြောပါတယ်။

“ဒီမှာကုသပေးတာက မျက်စိကိုစမ်းသပ်ပေးမယ်၊ လိုအပ်တဲ့စားဆေး မျက်စဉ်း မျက်မှန်တွေ ပေးမယ်။ လိုအပ်ရင် မနက်ဖြန်အတွက် အရေးပေါ် ဒီမှာလုပ်ပေးလို့ရရင် မြို့နယ်ဆေးရုံကိုလွှဲပြီး လိုအပ်တဲ့ ကုသမှုတွေကိုပြုလုပ်ပေးပါမယ်။ မန္တလေးမှာမှ ခွဲစိတ်လို့ရမယ့် လူနာဆိုရင် ဆရာမကြီးတွေက ရက်ချိန်းတွေ ပေးထားခဲ့ပြီး ခေါ်ပေးပါမယ်။ မန္တလေးကို သွားပြီး ကုသရမယ့်သူတွေကို နေစရာနဲ့ ဆေးဝါးကုသစရိတ်တွေ ဒီအလှူရှင်တွေကပဲ အကုန်ကျခံပေးမှာပါ” လို့ အင်းတော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာပြုံးက ပြောပါတယ်။

မျက်စိကုသပေးရာမှာ အင်းတော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဒေါက်တာပြုံး၊ အင်းတော်မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုထွေး၊ မြို့နယ်အတွင်းလူမှုရေး အသင်းအဖွဲ့တွေမှပုဂ္ဂိုလ်၊ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာရှင်တွေ ပူးပေါင်းပြီး မျက်စိဝေဒနာရှင်တွေကို လိုအပ်တဲ့အကူအညီတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

အင်းတော်မြို့နယ်ထဲက မျက်စိဝေဒနာ ရှင်တွေကို မျက်စိအထူးကုဆရာဝန်ကြီး ၁၀ ဦးတို့က ၃၁ ရက်ကနေ ၁ ရက်နေ့အထိ မနက် ၇ နာရီကနေ ညနေ ၅ နာရီအထိ ၂ ရက်ဆက်တိုက်  ကုသပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ကိုကျော် အင်းတော်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013