DVB Logo
Home
မြန်မာသတင်း
ကျောက်မဲမြို့ပေါ်သို့ နေ့စဉ်နှင့်အမျှ စစ်ဘေးရှောင်များ ရောက်ရှိနေ
DVB
·
January 1, 2018
ကျောက်မဲမြို့ပေါ်သို့ နေ့စဉ်နှင့်အမျှ စစ်ဘေးရှောင်များ ရောက်ရှိနေ
1 / 2
Donate to DVB

မြန်မာတပ်မတော်နဲ့ တီအန်အယ်လ်အေတပ်ဖွဲ့တို့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ကျောက်ဖြူလေးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒီဇင်ဘာ ၂၈ ရက်နေ့ကစတင်ပြီး ကျောက်မဲမြို့ပေါ်ကို စစ်ဘေးရှောင်ပြည်သူတွေ နေ့စဉ်နဲ့အမျှရောက်ရှိလာနေပါတယ်။

ကျောက်မဲမြို့ပေါ်ကို ရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေဟာ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ်ခွဲက အာပြောင်ကျေးရွာနဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ကျောက်ဖြူလေးကျေးရွာတွေက ဖြစ်ပါတယ်။

အခုလက်ရှိ စစ်ဘေးရှောင်တွေဟာ ကျောက်မဲမြို့ပေါ်က ဝါဆိုဘုန်းကြီးကျောင်းတိုက်နဲ့ ကိုယ်ကျင့်အဘိဓမ္မာ သင်တန်းကျောင်းမှာ ယာယီခိုလှုံနေကြပြီး စုစုပေါင်းလူဦးရေ ၅၀၀ လောက် ရှိပါတယ်။

ကျောက်ဖြူလေးကျေးရွာ အုပ်ချုပ်ရေးမှုဦးစောလှိုင်က “အခုဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် အရပ်သားပြည်သူလူထုတွေ ထိခိုက်ဒဏ်ရာရသေဆုံးတာ၊ လူနေအိမ်အဆောက်အဦတွေ ပျက်စီးတာ မရှိသေးပေမယ့် ရွာသားတစ်ချို့တော့ ရွာမှာ ပိတ်မိနေသေးတယ်” လို့ ပြောပါတယ်။

စစ်ဘေးရှောင်တွေကို ကျောက်မဲမြို့နယ် အုပ်ချုပ်ရေးအာဏာပိုင်တွေ ပရဟိတအဖွဲ့တွေ စေတနာရှင်ပြည်သူလူထုတွေက ဝိုင်းဝန်းကူညီထောက်ပံ့ထားပါတယ်။

၂၀၁၁ ဇွန်လ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တကျော့ပြန်တိုက်ပွဲတွေဟာ ၆ နှစ်ကျော်ကြာပြီ ဖြစ်ပေမယ့် အခုလက်ရှိအချိန်ထိ မြန်မာတပ်မတော်နဲ့ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ အရှိန်မြင့်တက်နေဆဲဖြစ်ပါတယ်။

ဓာတ်ပုံ- ခွန်ဇော်ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013