DVB Logo
Home
မြန်မာသတင်း
မိုးညှင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် စခန်းများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်
DVB
·
January 1, 2018
မိုးညှင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် စခန်းများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းရှိ ကချင်တိုင်းရင်းသားနဲ့ ရှမ်းတိုင်းရင်းသားစစ်ရှောင် စခန်းတွေကို ဒီဇင်ဘာ ၃၀ ရက်နေ့က မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့ပစ္စည်းတွေကို ၂၀၁၇ ခုနှစ်အတွက် အပြီးသတ်ပေးအပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အင်းတော်ကြီးနန့်မွန်းကျေးရွာမှာ ၆ နှစ်ကြာနေထိုင်ကြရတဲ့ ကချင်စစ်ရှောင်စခန်း၊ မိုးညှင်းမြို့ အုတ်ကျင်းရပ်ကွက်နန့်ရင်းချောင်းဘေး ရှမ်းမြောက်ပိုင်းစစ်ရှောင်စခန်း၊ မိုးညှင်းမြို့ အောင်သပြေရပ် စိန့်ပက်ထရစ် စစ်ရှောင်စခန်း တို့ကို နှစ်ထပ်စောင်တွေ သွားရောက်ပေးအပ်ခဲ့ကြပါတယ်။

အလားတူ နိုဝင်ဘာ ၂၈ ရက်နေ့ကလည်း မြန်မာနိုင်ငံကြက်ခြေနီအသင်း ကချင်အထူးစီမံချက်ရုံး အသက်မွေးဝမ်းကျောင်းအတွက် စစ်ရှောင်မိသားစုတွေကို တအိမ်ထောင် ကျပ်နှစ်သိန်းငါးသောင်း ပေးအပ်ထောက်ပံပေးခဲ့တယ်လို့ သိရပါတယ်။

မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013