DVB Logo
Home
မြန်မာသတင်း
စိန်ခေါ်မှုများ ကျော်လွှားနိုင်ရေး ပြည်သူများ ပူးပေါင်းပါဝင်ကြရန် သမ္မတ တိုက်တွန်း
DVB
·
January 1, 2018
စိန်ခေါ်မှုများ ကျော်လွှားနိုင်ရေး ပြည်သူများ ပူးပေါင်းပါဝင်ကြရန် သမ္မတ တိုက်တွန်း
Donate to DVB

ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတည်ဆောက်ရာမှာ စိန်ခေါ်မှုတွေ ရှိတာကြောင့် ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ပြည်သူတရပ်လုံးက အားအင်အပြည့်နဲ့ တက်ကြွစွာ ပူးပေါင်းပါဝင်ကြဖို့ သမ္မတ ဦးထင်ကျော်က တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ကျရောက်တဲ့ နှစ်သစ်ကူး ဆုတောင်းမှာ သမ္မတက နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားညီအစ်ကို၊ မောင်နှမ အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြစေဖို့ ဆုမွန်ကောင်းတောင်းရင်း အခုလို တိုက်တွန်းခဲ့တာပါ။

“အစိုးရအနေနဲ့ တာဝန်ယူခဲ့တဲ့ အချိန်ကစပြီး ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးဖြစ်ပေါ်လာရေး၊ ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀များ မြင့်မားတိုးတက်ရေးတို့အတွက် တစ်စိုက်မတ်မတ် အလေးထားကြိုးပမ်းအားထုတ်ခဲ့ရာမှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အခုအခါမှာလည်း ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ အစိုးရ၊ ပြည်သူ၊ လွှတ်တော်၊ တပ်မတော် ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အတူတကွ ကြိုးပမ်း နေကြောင်း၊

“တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကို တည်ဆောက်ရာမှာ စိန်ခေါ်မှုတွေ အခက်အခဲတွေကြုံတွေ့ရမှာ သဘာဝပဲဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ပြည်သူတရပ်လုံးက အားအင်အပြည့်နဲ့ တက်ကြွစွာ ပူးပေါင်းပါဝင်ကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013