DVB Logo
Home
မြန်မာသတင်း
သံဃာအပါး ၁၈၀၀၀ ကြိုပို့ရန် YBS အစီး ၆၀၀ ကျော် စီစဉ်ထား
DVB
·
December 31, 2017
သံဃာအပါး ၁၈၀၀၀ ကြိုပို့ရန် YBS အစီး ၆၀၀ ကျော် စီစဉ်ထား
Donate to DVB

ရွှေတိဂုံဘုရားမှာကျင်းပမယ့် သံဃာအပါး ၁၈၀၀၀ ဆွမ်းဆန်စိမ်း လောင်းလှူပွဲမှာ သံဃာတော်တွေကို အကြိုအပို့အတွက် YBS ယာဉ်အစီး ၆၀၀ ကျော်စီစဉ်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အဖွဲ့ က ပြောပါတယ်။

ရန်ကုန်မြို့မှာ နှစ်ဦး ဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွက် YBS ယာဉ်တွေနဲ့ သံဃာတော်တွေကို ဒီဇင်ဘာ ၃၁ ရက်နေ့ညပိုင်းကနေ ရွှေတိဂုံဘုရားပေါ်ကို စတင်ပင့်ဆောင် ရမှာဖြစ်ပြီး ဇန်နဝါရီ ၁ ရက်နေ့မှာ သက်ဆိုင်ရာ ကျောင်းတိုက်အသီးသီးကို ပြန်လည်ပင့်ဆောင်ရ မယ်လို့ YRTA အဖွဲ့ဝင် ဦးလှအောင်က ပြောပါတယ်။

အဲဒီလို သံဃာတော်တွေ ပင့်ဆောင်ဖို့အတွက် ကြိုဆိုသယ်ယူပို့ဆောင် နေရာချထားရေး ဆပ်ကော်မတီကို ဖွဲ့စည်းပြီး YRTA ကနေ YBS ယာဉ်တွေနဲ့ စီစဉ်တာလို့ ဆိုပါတယ်။

"ကျနော်တို့ သံဃာအပါး ၄၅၀၀ ပွဲတုန်းကလည်း ဒီလိုပဲ စီစဉ်ပေးရတာပဲလေ။ Public transport ဘက်ကနေပြီးတော့ပေါ့။ အခုလည်း ဒီလိုပဲ စီစဉ်ပေးရတာပေါ့။ ဒီသံဃာအပါး ၁၈၀၀၀ အတွက်ကတော့ ကျနော်တို့ GYCT ကုမ္ပဏီအနေနဲ့ ၃၆ စီး၊ စံဝေလ အနေနဲ့ ၁၁ စီး ပေါ့နော်။ အခုလောလောဆယ် ၄၇ စီးပေါ့" လို့ GYCT ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးဖြိုးဟေမာန်က ပြောပါတယ်။

သံဃာအပါး ၁၈၀၀၀ အတွက် ကြိုပို့ယာဉ်တွေ စီစဉ်ရာမှာ ကြံ့ခိုင်မှုကောင်းပြီး သစ်လွင်တဲ့ ယာဉ်တွေကို ရွေးချယ်ထားပြီး ယာဉ်အတွက်ကျသင့်ငွေကို ရန်ကုန်တိုင်းအစိုးရရဲ့ ရန်ပုံငွေထဲကနေ ပေးမယ်လို့ဆိုပါတယ်။

"အမြင့်မြတ်ဆုံးအင်အားအတွက်က YBS ကား ၆ စီးကို ကောင်းတဲ့ကားတွေပေါ့။ စုတ်ပြတ်နေတဲ့ကား မပါရဘူးပေါ့။ ခရီးသည်တင်ခုံတွေ ကောင်းရမယ်၊ ကားအသစ်တွေ ဖြစ်ရမယ်။ အဲဒီလိုကားတွေ ပို့ရမှာလေ။ မနက်ဖြန် အကြိုအပို့လုပ်ပြီးတဲ့ ကားတွေကို တိုင်းဒေသကြီး အစိုးရရဲ့ ရန်ပုံငွေထဲကနေပြီးတော့ ချောကားအဖြစ် ပို့ဆောင်တဲ့ ပို့ဆောင်ခကို သူတို့က ပေးမှာပေါ့" လို့ အမြင့်မြတ်ဆုံးအင်အား အများနှင့်သက်ဆိုင်သောကုမ္ပဏီရဲ့ ဥပဒေအကြံပေးက ပြောပါတယ်။

YBS ယာဉ်တွေကို သံဃာအပါး ၁၈၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအပြင် ရွှေတိဂုံဘုရားအနောက်ဘက်ရှိ ပြင်သူ့ရင်ပြင်မှာပြုလုပ်မယ့် နှစ်ဦးတရားပွဲအတွက်လည်း ဇန်နဝါရီ ၁ ရက်နေ့ကနေ ၃ ရက်အထိ တရားနာပြည်သူတွေကို အကြိုအပို့တွေ လုပ်ပေးဖို့ စီစဉ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013