DVB Logo
Home
မြန်မာသတင်း
သံဃာအပါး ၁၈၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ လုံခြုံရေး တိုးမြှင့်ချထားမည်
DVB
·
December 31, 2017
သံဃာအပါး ၁၈၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ လုံခြုံရေး တိုးမြှင့်ချထားမည်
Donate to DVB

၂၀၁၈ ဇန်နဝါရီ ၁ ရက်နေ့ နှစ်သစ်ရက်မြတ်မှာ ကျင်းပပြုလုပ်မယ့် သံဃာအပါးတစ်သောင်းရှစ်ထောင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ အများပြည်သူလုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အား တိုးမြှင့်ချထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ပြောပါတယ်။

လက်ရှိ ရွှေတိဂုံဘုရားမုခ်ဦးတိုင်းမှာ လုံခြုံရေးရဲတပ်ဖွဲ့နဲ့အတူ ကြက်ခြေနီတပ်ဖွဲ့တွေ၊ သာသနာရေးအဖွဲ့အစည်းတွေနဲ့အတူ ရပ်မိရပ်ဖတွေအားလုံးက လုံခြုံရေးဆောင်ရွက်ပေးတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၃၁ ရက်နေ့ကစပြီး ရွှေတိဂုံစေတီတော်နဲ့ ဘုရားအနီးပတ်ဝန်းကျင်က လမ်းတွေကိုလည်းပိတ်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပသွားမှာဖြစ်ပါတယ်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ဇန်နဝါရီ ၁ ရက်နေ့ မနက် ၆ နာရီကစတင်ကျင်းပပြုလုပ်မှာဖြစ်ပြီး နေ့လယ် ၁၂ ကျော် သံဃာအပါး တစ်သောင်းရှစ်ထောင်ကျော်ကို ဆွမ်းဆန်စိမ်းလောင်းလှူသွားမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013