DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းတွင် ဆိုင်ကယ်ပေါ်မှ နောက်လန်ကျ၍ အမျိုးသမီး ၁ ဦး သေဆုံး
DVB
·
December 31, 2017
ဝမ်းတွင်းတွင် ဆိုင်ကယ်ပေါ်မှ နောက်လန်ကျ၍ အမျိုးသမီး ၁ ဦး သေဆုံး
Donate to DVB

ဝမ်းတွင်းမြို့နယ်၊ မြောက်ဇချမ်းကုန်းရွာအထွက် တံတားပေါ်အတက်မှာ ဒီဇင်ဘာ ၃၀ ရက် မနက်ပိုင်းက ဆိုင်ကယ်ပေါ်ကနေ နောက်လန်ကျပြီး အမျိုးသမီး ၁ ဦး သေဆုံးသွားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းတာဝန်ကျရဲအရာရှိက ပြောပါတယ်။

ဖြစ်စဉ်မှာ ရွှေဖြိုးက ဆိုင်ကယ်မောင်းပြီး အဒေါ်ဖြစ်သူ ဒေါ်တင်သာကို ဝမ်းတွင်းမြို့ဘက်လိုက်ပို့ချိန် ရွာအထွက်တံတားပေါ် အတက်မှာ ဆိုင်ကယ်ခုန်ကာမြောက်သွားပြီး အဒေါ်ဖြစ်သူ နောက်လန်ကျကာ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတယ်လို့ တာဝန်ကျရဲအရာရှိကပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းဒုရဲအုပ်အောင်ကိုကိုက “ဒေါ်တင်သာ နှာခေါင်းက သွေးထွက်နေတယ်။ ဦးခေါင်းနောက်စေ့ ဖူးရောင်နေတယ်။ အခင်းဖြစ်နေရာမှာ သေဆုံးပြီး ဝမ်းတွင်းဆေးရုံ ပို့ပေးတယ်" လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းက ရွှေဖြိုး ကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ-၃၀၄(က) အမှုဖွင့် အရေးယူထားပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013