DVB Logo
Home
မြန်မာသတင်း
မြန်အောင်မြို့နယ်တွင် စကားများရာမှ လူသတ်မှု ဖြစ်ပွား
DVB
·
December 31, 2017
မြန်အောင်မြို့နယ်တွင် စကားများရာမှ လူသတ်မှု ဖြစ်ပွား
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ အင်ပင်ရဲတပ်စခန်းအပိုင်၊ ထူကျေးရွာအုပ်စု၊ ဖန်ခါးကုန်းကျေးရွာမှာ ဒီဇင်ဘာ ၃၀ ရက် ညပိုင်းက လူသတ်မူတခု ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဦးမြင့်ဦး (ခေါ်)ဂန်ဒူးက တရွာတည်းနေ ဦးတင်မြင့်ကို လှံနဲ့ ထိုးပြီး ဓားနဲ့ ခုတ်သတ်ခဲ့တာပါ။

“ဟုတ်ပါတယ်။ ဖြစ်တာကတော့ ည ၈ နာရီလောက်ကဖြစ်တယ်။ ကျနော်တို့ ရဲစခန်းကို အဲဒီက ကျေးရွာအုပ်ချုပ်ရေးမှူး အကြောင်းကြားတာက ညဘက် ၉ နာရီလောက်ဖြစ်နေပါပြီ။ ဖြစ်တာကတော့ ဦးဂန်ဒူးခြံထဲမှာ အရက်အတူသောက်ပြီး စကားများရန်ဖြစ်ကြတာပါ။ အဲမှာ လှံသဖွယ်ပြုလုပ်ထားတဲ့ သံဆူချွန်နဲ့ အရင်ထိုးတယ်။ အချက်ပေါင်းက ၅ ချက်ကျော်မယ်။ ပြီးတော့ ဓားမနဲ့လည်ပင်းကို ခုတ်လိုက်တာပဲ။ အဲဒီဒဏ်ရာတွေနဲ့ နေရာမှာ ပွဲချင်းပြီးသေဆုံးနေတာပါပဲ။ အလောင်းကို ညတွင်းချင်း အင်ပင်တိုက်နယ်ဆေးရုံပို့ထားတယ်” လို့ ရဲဒုတပ်ကြပ် နယ်ထိန်းအဖွဲ့ဝင် လင်းထင်က ပြောပါတယ်။

အင်ပင်ရဲတပ်ဖွဲ့စခန်းက ဦးမြင့်ဦး (ခေါ်) ဂန်ဒူးကို လူသတ်မှု ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013