DVB Logo
Home
မြန်မာသတင်း
ရှစ်လေးလုံး ပြည်ပရဲဘော်များနှင့် ဒီမိုကရေစီအင်အားစုများ ၈၈၈၈ပါတီကို ကန့်ကွက်
DVB
·
December 31, 2017
ရှစ်လေးလုံး ပြည်ပရဲဘော်များနှင့် ဒီမိုကရေစီအင်အားစုများ ၈၈၈၈ပါတီကို ကန့်ကွက်
Donate to DVB

မန္တ​လေးတိုင်း၊ ချမ်းမြသာစည်​မြို့နယ်​၊ ​ငွေငါး​ကျောင်းတိုက်​မှာ ရှစ်​​လေးလုံး(ပြည်​ပရဲ​ဘော်​များ)နဲ့ အထက်​မြန်​မာပြည်​ မန္တ​လေးဒီမိုက​ရေစီ အင်​အားစုတွေ တွေ့ဆုံပွဲကျင်းပခဲ့ပါတယ်​။

“ရှစ်​ဆယ့်ရှစ်​ပါတီ​ထောင်​တာနဲ့ ပတ်​သက်​ရင်​ ကျ​နော်​တို့မူအရ ဒီလို ရှစ်​​လေးလုံးမျိုးဆက်​ နိုင်​ငံ​ရေးပါတီ၊ နိုင်​ငံ​ရေးအင်​အားစု ရှိတာကို သ​ဘောတူတယ်​။ ရှိသင့်​တယ်​လို့လည်း မြင်​တယ်​။ ကျ​နော်​တို့က နာမည်​ကိစ္စကို​တော့ ကန့်​ကွက်​တယ်​။ ရှစ်​​လေးလုံးဆိုတဲ့ အမည်​က တဦးတ​ယောက်​ တဖွဲ့ကပိုင်​တာ မဟုတ်​ဘူး။ ကျ​နော်​တို့ လှည်း​နေ ​လှေ​အောင်း မြင်း​ဇောင်းမကျန် ​ပြည်​သူတရပ်​လုံးက မဆလ တပါတီအာဏာရှင်​စနစ်​ကို အသက်​၊ ​သွေး၊ ​ချွေး၊ ဘဝ​တွေနဲ့ ရင်းပြီး ​တော်​လှန်​ခဲ့ကြတဲ့ သမိုင်း​မော်​ကွန်းတရပ်​ဖြစ်​တယ်​။ ဒါ​ကြောင့်​ ဒီနာမည်​နဲ့ နိုင်​ငံ​ရေးပါတီတည်​​ထောင်​တာကို ကျ​နော်​တို့ ကန့်​ကွက်​တာဖြစ်​တယ်​။ သ​ဘောလည်းမတူနိုင်​ဘူး။ ဒီအမည်​ကိုသုံးပြီး တစုံတခုချွတ်​​ချော်​မှားယွင်းခဲ့ပြီး တိမ်း​စောင်းခဲ့ရင်​ သမိုင်းတခုလုံး ​မော်​ကွန်းကြီးတခုလုံးကို သွားပြီးထိခိုက်​​စေတယ်​။ အဲဒါ​ကြောင့် ကျ​နော်​တို့က ရှစ်​​လေးလုံးအမည်​ကို ကန့်​ကွက်​တာဖြစ်​တယ်​” လို့ ၈၈ မျိုးဆက်​ (ဗကသ)​ ကျောင်းသား​ခေါင်း​ဆောင်​ ကိုဇာနည်​က​ပြောပါတယ်။

“စစ်​အာဏာရှင်​ကို​တော်​လှန်​ခဲ့တဲ့ သမိုင်းဝင် သပိတ်​​​တိုက်​ပွဲကို ဘုန်းဘုန်းတို့စည်းရုံးပြီး အထက်​ဗမာပြည်​ မန္တ​လေးရာပြည့်​ကွင်းမှာ သမိုင်းတ​ခေတ်​ဖွင့်​လှစ်​ခဲ့တဲ့ ရှစ်​​လေးလုံးအ​ရေး​တော်​ပုံကြီးဖြစ်​ခဲ့လို့ ဒီအမည်​ဟာ တစ်​ဦးတ​ယောက်​က​နေ ရှစ်​​လေးလုံးက ကျ​နော်​ဟာလို့ ​ပြောလို့မရဘူး။ တဦးတ​ယောက်​အမည်​နဲ့ ကိုင်​သုံးလို့မရဘူး မသင့်​​တော်​ဘူး တ​ယောက်​တည်းပိုင်​တဲ့ အ​ရေး​တော်​ပုံသမိုင်းမဟုတ်​ဘူး။ ဒါ​ကြောင့် ဘုန်းဘုန်းတို့ကလည်း ဒါကိုဘဝငိမကျဘူး” လို့ ရှစ်​​လေး​လုံးအ​ရေး​တော်​ပုံကို ဦး​ဆောင်​ခဲ့တဲ့ ဂဠုန်​နီဆရာ​တော် ​ဦးကာဝိယက မိန့်ပါတယ်။

ဒီအခမ်းအနားကို ရှစ်​​လေးလုံးမျိုးဆက်​သစ်​ (ပြည်​ပ) ရဟန်းပျိုများသမဂ္ဂ ဥက္ကဋ္ဌ ဦး​ခေမာစာရ၊ ကိုစိုးမိုး​အောင်​ ၈၈(ဗကသ)၊ ကို​ဇော်​​ဇော်​နိုင်​ (ဗကသ) ABSDS၊ ကို​အောင်​သန်း(အကသ)၊ ကိုမင်းနိုင်​(အကသ) လူ​ဘောင်​သစ်​ တို့နဲ့အတူ မန္တ​လေး အထက်ဗမာပြည်​ နိုင်​ငံ​ရေးအင်​အားစုမှ ဦးတင်​​အေးကြူ၊ ဦး​ကျော်​မြ၊ ဦးမင်းထက်​ငြိမ်းချမ်း၊ ဦးသိန်း​အောင်​မြင်၊့​ ဦး​ကျော်​စိုး၊ ​ဒေါ်သွယ်​သွယ်​စန်း၊ ​ဒေါ်မြင့်​မြင့်​ခိုင်​ စတဲ့ နိုင်​ငံ​ရေးအင်​အားစုတွေ တက်​​ရောက်​ခဲ့ကြပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013