ကသာမြို့တွင် အချုပ်ကားနှင့် ဆိုင်ကယ်တိုက်မိ၊ အမျိုးသမီး ၂ ဦး သေ
DVB
·
December 30, 2017

စစ်ကိုင်းတိုင်း၊ ကသာမြို့အဝင် မီးရထား သံလမ်းကူးအနီးမှာ ဒီဇင်ဘာ ၃၀ ရက် နေ့လယ် မွန်းလွဲပိုင်းက ဝန်းသို အချုပ်ကားနဲ့ ဆိုင်ကယ်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ကသာမြို့မရဲစခန်းက ပြောပါတယ်။
အမျိုးသမီး ၃ ဦး စီးနင်းလာတဲ့ ဆိုင်ကယ်ကို အချုပ်သားတွေတင်ဆောင်ပြီး မောင်းနှင်လာတဲ့ကား တိုက်မှုဖြစ်ပွားခဲ့တာပါ။
ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၁ ဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ၁ ဦးကတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူရင်းသေဆုံးခဲ့ပါတယ်။ ကျန် ၁ ဦးက ဒဏ်ရာ အပြင်းထန် ရရှိခဲ့ပါတယ်။
ကသာမြို့မရဲစခန်းက ဝန်းသို အချုပ်ကားမောင်းနှင်သူ ဒုတပ်ကြပ် ၀င်းလှိုင်ကို လူသေဆုံးသည်အထိ ယာဉ်မဆင်မခြင် မောင်းနှင်မှုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သီဟဆွေ (ကသာ)