DVB Logo
Home
မြန်မာသတင်း
မိုင်းတုံမြို့နယ်​တွင် လင်​မယား ၂ ​ဦး ဓားဒဏ်​ရာများဖြင့်​ သေဆုံး
DVB
·
December 30, 2017
မိုင်းတုံမြို့နယ်​တွင် လင်​မယား ၂ ​ဦး ဓားဒဏ်​ရာများဖြင့်​ သေဆုံး
Donate to DVB

မိုင်းတုံမြို့နယ်​၊ လွယ်​ခမ်းလုံ​ကျေးရွာအုပ်​စု ပါခတ်​​ကျေးရွာမှာ လင်​မယားနှစ်​ယောက် ဓားဒဏ်​ရာတွေနဲ့ သေဆုံးမှုတခု ဖြစ်ပွားခဲ့ပါတယ်။

“သမီးနဲ့သမက်​က အခြားရွာက​နေ က​လေး​မွေးရင်း ​ဆေးကုရင်း အိမ်​မှာ ခဏလာ​နေတာပါ။ ည ၇ နာရီ​လောက်​မှာ ကျ​မ​ဈေးဆိုင်​မှာ ​ဈေးသွားဝယ်​​နေတုန်း အိမ်​ဘက်​က တူမီး​သေနတ်​သံကြားလို့ ပြန်​လာ​တော့ သမီး​ရော သမက်​​ရော ဒဏ်ရာ​တွေနဲ့ ​သေ​နေတာ​တွေ့ပြီး ​ဘေးအိမ်​​တွေကို​ အော်​​ပြော အကူအညီ​တောင်းခဲ့တယ်​။ ပြီး​တော့ရဲစခန်းကို သွား​ပြောခဲ့တာပါ" လို့ ​​သေဆုံးသူမိန်းက​လေးရဲ့ မိခင်​​ဒေါ်နာအီက ​ပြောခဲ့ပါတယ်​။

သေဆုံးသူမိန်းက​လေး မနားကျို အသက် ​၂၅ နှစ်​၊ ခင်​ပွန်း ​မော်​ကျို အသက်​ ၃၀ နှစ်​တို့ဟာ ပါခတ်​​ကျေးရွာက မိဘတွေနေအိမ်မှာ ပြီးခဲ့တဲ့ ရက်​ ၂၀ လောက်က လာ​ရောက် ​မီးဖွားပြီး မပြန်​မီ အခုလို အခင်းဖြစ်​ပွားခဲ့တာဖြစ်ပါတယ်။

မိုင်းတုံမြို့မရဲစခန်းမှူး ဒုရဲမှူး သန်းလွင်​က “အခင်းဖြစ်​​နေရာကို​ ရောက်​ရှိချိန်​မှာ သူတို့နှစ်​ဦးလုံး အိပ်​ရာထဲမှာ ဓားဒဏ်​ရာနဲ့ လဲကျ​သေဆုံး​နေတာပါ။ ​ဘေးမှာလည်း အရှည်​ ၁ ​ပေ ၉ လက်​လောက်ရှိတဲ့ ဓားဦးချွန်​တစ်​​ချောင်းရယ်၊ ​အရှည်​ ၄ ပေ ၁၀ လက်​မရှိတဲ့ တူမီး​သေနတ်​တစ်​လက်​ရယ်​ကို​ တွေ့ရှိသက်​​သေခံအဖြစ်​ သိမ်းဆည်းလာခဲ့ပါတယ်​။ ဖြစ်​စဉ်​အ​သေးစိတ်​နဲ့ အခြားသူတဦး ပ​ယောဂ​ကြောင့် ဟုတ်​မဟုတ်​ကို​တော့ စုံစမ်းစစ်​​ဆေး​နေဆဲပါ” လို့ ပြောပါတယ်။

မနားကျိုရဲ့ ဝဲဖက်​ချို​စောင်းမှာ  ၃ လက်​မခန့်​ပြတ်​ရှဒဏ်​ရာတစ်​ချက်​၊ ဝဲဖက်​​မေး​အောက်​ ၆ လက်​မခန့်​ပြတ်​ရှဒဏ်​ရာတစ်​ချက်​၊ ဝဲဖက်​ရင်​အုံမှာ သုံးလက်​မခန့်​ထိုးသွင်းဒဏ်​ရာ တစ်​ချက်​နဲ့ ခင်​ပွန်းဖြစ်​သူ​ မော်​ကျိုမှာ ရင်​ဘတ်​ညိုမည်း ဒဏ်​ရာတစ်​ချက်​၊ နားနှစ်​ဖက်​​နဲ့ ပါးစပ်​အတွင်းက သွေးထွက်​ဒဏ်​ရာတွေနဲ့ေ​သေဆုံး​နေတာလို့ ဆိုပါတယ်။

မိုင်းတုံမြို့မရဲစခန်းက ရာဇသတ်​ကြီးပုဒ်​မ-၃၀၂ နဲ့ အမှုဖွင့် စုံစမ်းစစ်​​ဆေး​နေဆဲ ဖြစ်​ပါတယ်​။

အောင်​​ဇေယျ(မိုင်းတုံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013