DVB Logo
Home
မြန်မာသတင်း
ကော့သောင်းတွင် ကလေးစာပေပွဲတော် ကျင်းပ
DVB
·
December 30, 2017
ကော့သောင်းတွင် ကလေးစာပေပွဲတော် ကျင်းပ
Donate to DVB

ကော့သောင်းမှာ ကလေးစာပေပွဲတော်ကို ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ကလေးစာပေပွဲတော်ကို တနသာင်္ရီတိုင်းအစိုးရအဖွဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်းပြုလုပ်တာဖြစ်ပြီး ဒီဇင်ဘာ ၂၉ ရက်နေ့နဲ့ ၃၀ရက်နေ့ နှစ်ရက်တာ ပြုလုပ်ကျင်းပတာ ဖြစ်ပါတယ်။

ကလေးစာပေပွဲတော်မှာ ကျောင်းသူလေးတွေက အကတွေနဲ့ ဖျော်ဖြေခဲ့ကြကာ တက်ရောက်လာသူတွေက ပြသထားတဲ့ ပညာရေးပြခန်း ဝေါဗွီးရှင်းမှ HIV ပညာပေးပြခန်းအစားအသောက်နှင့် ဆေးဝါးကွတ်ကဲမှု ဦးစီးဌာနက ပြသတဲ့ ပြခန်းတွေကို လိုက်လံကြည့်ရှုခဲ့ကြပါတယ်။

“ကလေးစာပေပွဲတော်ပြုလုပ်ပေးရတာဟာ ကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ အယူအဆတွေ ထက်မြက်လာစေဖို့ တီထွင်ဖန်တီးလိုစိတ်တွေ ရင့်သန်လာစေဖို့ ကလေးတွေ စာပေနဲ့ရင်းနှီးပြီး စာပေဝါသနာနဲ့ စာဖတ်ဝါသနာပါလာစေဖို့နဲ့ ကလေးတွေကို ပျော်ရွှင်မှု ဖန်တီးပေးဖိုဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ပေးတာပါ” လို့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး တိုင်းဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီချိုကပြောပါတယ်။

ကလေးစာပေပွဲတော်မှာ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဆေးရောင်ချယ်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနဲ့ ဂိမ်းကစားတာတွေ ပြုလုပ်ပါတယ်။

“ဒီိကလေးစာပေပွဲတော်မှာ လာလေ့လာရတဲ့အတွက် အလွန်ပျော်ရွှင်ပါတယ်။ စာအုပ်ရောင်းတဲ့ဆီကို သွားတယ်။ အဲဒီမှာရှေးတုန်းက ပိုက်ဆံဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ပိုက်ဆံတွေ၊ ဒင်္ဂါးပြားတွေကိုတွေ့ရတယ်။ ဒင်္ဂါပြားတွေဟာ သားတို့မမီခဲ့တဲ့အတွက် ဒီမှာလဲဗဟုသုတရပါတယ်” လို့ လာရောက်ကြည့်ရှုတဲ့ ကျောင်းသားတဦးကပြောပါတယ်။

“ပုံမှန်ကျောင်းစာတွေအပြင် ပြင်ပစာပေတွေကိုပါလေ့လာတတ်တဲ့ အလေ့အကျင့်တွေပါ တပါးတည်းရလာမှာပါ။ အထူးသဖြင့်စာအုပ်ဆိုင်တွေပါ ဖွင့်ပေးထားတဲ့အတွက် ဒီဆိုင်တွေမှာ သူတို့ကိုယ်တိုင် စိတ်ကြိုက်ရွေးချယ် ၀ယ်ယူဖတ်ရှုခွင့်ရတဲ့အတွက် သူတို့ကိုယ်တိုင်စာပေရဲ့ ရသတွေကို ခံစားခွင့်ရသွားတဲ့အခါမှာ ဒါဟာကလေးတွေအတွက် တကယ်ကောင်းတဲ့ ဖောင်ဒေးရှင်းအုတ်မျက်ချပေးခြင်းအားဖြင့် နောက်ပိုင်းမှာ စာပေနဲ့ပတ်သက်ပြီး အများကြီး အထောက်အကူဖြစ်သွားမှာဖြစ်တယ်” လို့ မြို့နယ်ပညာရေးမှူး ဦးမျိုးလွင် က ပြောပါတယ်။

အခုလုပ်တာဟာ ခရိုင်အဆင့်တွေမှာ ပြုလုပ်တာဖြစ်ပြီး မြို့နယ်အဆင့်တွေမှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်လောက်မှာ ဘုတ်ပြင်းမြို့နယ်မှာ ပြုလုပ်မှဖြစ်တယ်လို့ သိရပါတယ်။

လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013