DVB Logo
Home
မြန်မာသတင်း
ဒေါက်တာစင်သီယာ​မောင်ဆေး​ခန်း​တွင် ဘတ်ဂျက် ၅၀ ရာခိုင်နှုန်း​ လိုအပ်
DVB
·
April 26, 2012
ဒေါက်တာစင်သီယာ​မောင်ဆေး​ခန်း​တွင် ဘတ်ဂျက် ၅၀ ရာခိုင်နှုန်း​ လိုအပ်
Donate to DVB

မြန်မာပြည်က ဒုက္ခသည်​တွေနဲ့​ ​ရွှေ့​ပြောင်း​အလုပ်သမား​တွေ အား​ထား​ကြတဲ့​ ထိုင်း​-မြန်မာနယ်စပ်၊​ မဲ​ဆောက်မြို့​အစွန်က မယ်​တော်​ဆေး​ခန်း​မှာ ဒီနှစ်အတွက် ဘတ်ဂျက် ထက်ဝက်​လျော့​နည်း​နေတယ်လို့​ ​ဆေး​ခန်း​ကို စတင်ထူ​ထောင်သူ ​ဒေါက်တာစင်သီယာ​မောင်က ​ပြောပါတယ်။

[caption id="attachment_24572" align="alignright" width="300" caption="​ဒေါက်တာ စင်သီယာမောင်"][/caption]

“ဇွန်လ​လောက်ဆိုရင်​တော့​ ဘယ်​လောက် ​လျော့​သွား​လဲဆိုတာ ပို​သေချာသိရမယ်။ အခု မတ်လထိ​တော့​ ၅ဝရာခိုင်နှုန်း​ ​လျော့​နည်း​တယ်။ မတ်လမှာ ​တွေ့​ရှိရတဲ့​ အ​ခြေအ​နေ​ပေါ်မူတည်ပြီး​တော့​ တချို့​ ပရိုဂရမ်​တွေကို ​ရွှေ့​ဆိုင်း​တာ၊​ ​လျှော့​ချတာ​တွေ လုပ်မလား​ဆိုတာ ဘတ်ဂျက်ကို ပြန်သုံး​သပ်တာမျိုး​ လုပ်ထား​ရတယ်။”

မတ်လအထိ အတည်ပြုနိုင်တဲ့​ ဘတ်ဂျက်အ​ခြေအ​နေကို ကြည့်​ပြီး​ ကုသ​ရေး​ပိုင်း​ကို မထိခိုက်​စေဘဲ လူနာ​တွေအတွက် ရိက္ခာနဲ့​ တခြား​ ဝန်​ဆောင်မှု​တွေကို ​လျှော့​ချတာမျိုး​တွေ မလွှဲမ​ရှောင်သာ လုပ်ရနိုင်တယ်လို့​ ​ဒေါက်တာ စင်သီယာ​မောင်က ​ပြောပါတယ်။

တချို့​အလှူရှင်​တွေဟာ မြန်မာပြည်က နိုင်ငံ​ရေး​ အ​ပြောင်း​အလဲ​တွေ​ကြောင့်​ ပြည်တွင်း​ကို ပိုပြီး​ အာရုံစိုက်တာမျိုး​ရှိလာတာကလည်း​ အခုလို အလှူ​ငွေ​တွေ ​လျော့​နေ​သေး​တဲ့​ အ​ကြောင်း​ရင်း​တရပ် ဖြစ်နိုင်တယ်လို့​ သူက ဆက်​ပြောပါတယ်။

“တချို့​ donor ​တွေက နယ်စပ်မှာ ငြိမ်း​ချမ်း​ရေး​တွေ ဖြစ်လာရင် ဒီက အကူအညီ​တွေက ပြည်တွင်း​ထဲမှာ ပို​ပေး​မလား​။ ပညာ​ရေး​တို့​၊​ တချို့​လုပ်ငန်း​စဉ်​တွေက အထဲမှာ တည်​ဆောင်နိုင်မလား​ပေါ့​ အဲဒါမျိုး​တွေလည်း​ တချို့​စဉ်း​စား​တာ ရှိမယ်။ တချို့​ကျ​တော့​လည်း​ သူ့​သက်တမ်း​အရ စာချုပ်အသစ် အတွက် structure အသစ် မ​ရောက်​သေး​တာလည်း​ ဖြစ်နိုင်တယ်။ တချို့​အဖွဲ့​က ပြည်တွင်း​က​နေ တဆင့်​ ထပ်ပြီး​ ဝင်လို့​ရမလား​ဆိုတဲ့​ စဉ်း​စား​မှု​တွေလည်း​ ရှိမယ်လို့​ ထင်တယ်။”

မယ်​တော်​ဆေး​ခန်း​က ​နေ့​စဉ် လူနာ ၂၀၀ နဲ့​ ၃၀၀ အကြား​ ကုသမှု​ပေး​နေပြီး​၊​ နှစ်စဉ် လူနာအ​ရေအတွက် ၅ ရာခိုင်နှုန်း​က​နေ ၁၀ ရာခိုင်နှုန်း​ကြား​မှာ တိုး​နေဆဲပဲလို့​ ဆိုပါတယ်။

လက်ရှိ နိုင်ငံ​ရေး​ အ​ပြောင်း​အလဲကာလမှာ ကျန်း​မာ​ရေး​ကဏ္ဍမှာလည်း​ ပြုပြင်​ပြောင်း​လဲဖို့​ လိုအပ်​နေတာ​တွေကိုလည်း​ ​ဒေါက်တာစင်သီယာ​မောင်က အခုလို ​ပြောပါတယ်။

“လက်ရှိမှာ​တော့​ ​ဒေသတိုင်း​မှာ အပစ်အခတ်ရပ်စဲပြီဆိုတာနဲ့​ တပြိုင်တည်း​မှာ ကျန်း​မာ​ရေး​စနစ်၊​ ပညာ​ရေး​စနစ်​တွေ​ရော၊​ လူမှုဘဝလုံခြုံ​ရေး​တွေနဲ့​ ပတ်သက်ပြီး​တော့​ အဆင့်​ဆင့်​ အချိန်ကာလတခု သတ်မှတ်ပြီး​ ထိထိ​ရောက်​ရောက် ​ဆွေး​နွေး​သွား​နိုင်တယ်ဆိုရင်​တော့​ ဒီဘက်က​နေပြီး​တော့​ ကျမတို့​ ကျန်း​မာ​ရေး​အဖွဲ့​တွေကဖြစ်​စေ၊​ နိုင်ငံတကာအဖွဲ့​တွေက ဖြစ်​စေ နည်း​ပညာအရ ပံ့​ပိုး​ဖို့​ ပူး​ပေါင်း​ဆောင်ရွက်ဖို့​တွေ ဆက်လုပ်သွား​ပေး​ဖို့​ ရှိပါတယ်။ လက်ရှိက​တော့​ ကျန်း​မာ​ရေး​ဆိုင်ရာ သတင်း​အချက်အလက်ပဲ ဖြစ်ဖြစ်၊​ ​ဆေး​သင်တန်း​နဲ့​ ပတ်သက်တဲ့​ သင်ရိုး​ညွှန်း​တမ်း​တွေပဲဖြစ်ဖြစ် ကျမတို့​က ​ဒေသအလိုက်၊​ ​ဒေသ​တွေမှာ ရှိတဲ့​ ကျန်း​မာ​ရေး​အဖွဲ့​အစည်း​တွေနဲ့​ ကျမတို့​က ပုံမှန်​ဆွေး​နွေး​ညှိနှိုင်း​မှု​တွေ အမြဲရှိ​နေတဲ့​အတွက်​ကြောင့်​ ပြင်ဆင်မှု​တွေလည်း​ ရှိ​နေကြပါတယ်။

သို့​သော်လည်း​ အဓိကက​တော့​ တိုင်း​ရင်း​သား​ပြည်နယ်အလိုက် ကျန်း​မာ​ရေး​ဌာန​တွေ အချင်း​ချင်း​ ထိထိ​ရောက်​ရောက် လက်တွဲပြီး​တော့​ အလုပ်လုပ်နိုင်တဲ့​ ကျန်း​မာ​ရေး​စနစ်​တွေ​တော့​ ​ပေါ်လာဖို့​ လိုတာ​ပေါ့​။”

လော​လောဆယ် မယ်​တော်​ဆေး​ခန်း​မှာ ကုသ​ရေး​ပိုင်း​ကို တာဝန်ယူထား​တဲ့​ ​ဆေး​ဝန်ထမ်း​ ၂၅၀ ဝန်း​ကျင်နဲ့ တခြား​ ​ရောဂါကာကွယ်​ရေး​၊​ စီမံခန့်​ခွဲ​ရေး​ အပါအဝင် စုစု​ပေါင်း​ ဝန်ထမ်း​ ၅၀၀ ဝန်း​ကျင်ရှိတယ်လို့​ သိရပါတယ်။

ဒါ့​အပြင် နယ်လှည့်​ကျောပိုး​အိတ်အဖွဲ့​လို စစ်ဖြစ်ရာ​ဒေသ၊​ ​ဝေး​လံတဲ့​ တိုင်း​ရင်း​သား​ဒေသ​တွေမှာ ကျန်း​မာ​ရေး​ဝန်​ဆောင်မှု​ပေး​နေတဲ့​ အဖွဲ့​တွေ၊​ ပြည်တွင်း​ရှိ တိုင်း​ရင်း​သား​ဒေသက ကျန်း​မာ​ရေး​ဌာန​တွေမှာ တာဝန် ထမ်း​ဆောင်​နေတာ​တွေလည်း​ ရှိ​နေတယ်လို့​ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013