DVB Logo
Home
သုံးသပျခကျြ
အန်အယ်လ်ဒီရဲ့​အဆိုပြုချက် စိုး​ရိမ်ပူပန်ဖို့​ လိုသလား
DVB
·
April 26, 2012
အန်အယ်လ်ဒီရဲ့​အဆိုပြုချက် စိုး​ရိမ်ပူပန်ဖို့​ လိုသလား
Donate to DVB

လတ်တ​လော ပြည်တွင်း​မှာ​ရော ပြည်ပမှာပါ ​ဝေဖန်မှု၊​ ​ပြောဆိုမှုအများ​ဆုံး​ ကိစ္စ တခုက​တော့​ အန်အယ်လ်ဒီပါတီ လွှတ်​တော်တက်​ရေး​ ​နှောင့်​နှေး​နေရတဲ့​ကိစ္စ ဖြစ်ပါတယ်။ အား​လုံး​ သိကြပြီး​ဖြစ်တဲ့​အတိုင်း​ လွှတ်​တော်ထဲ ​ရောက်သွား​ရင် လွှတ်​တော်ကိုယ်စား​လှယ်အဖြစ် ကျမ်း​ကျိမ်ရမယ့်​ စာသား​တွေထဲမှာ “ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေကို ကာကွယ်​စောင့်​ရှောက်ပါမည်” ဆိုတဲ့​ စာသား​ ပါဝင်​နေတာဖြစ်ပြီး​ ဒါကို အန်အယ်လ်ဒီဘက်က “​လေး​စား​လိုက်နာပါမည်” ဆိုတဲ့​ စာသား​ ​ပြောင်း​ပေး​ဖို့​ အစိုး​ရနဲ့​ သက်ဆိုင်ရာ အဖွဲ့​အစည်း​တွေထံ တင်ပြထား​ဆဲမို့​လို့​ ဖြစ်ပါတယ်။ ဒီကိစ္စ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေဆိုင်ရာ ခုံရုံး​က ‘မဖြစ်နိုင်ဘူး​’ လို့​ အ​ဖြေ​ပေး​ပြီး​တဲ့​နောက် အန်အယ်လ်ဒီ အမတ်​တွေ လွှတ်​တော်မတက်​သေး​ဖို့​ ဆုံး​ဖြတ်ချက် ​ပေါ်လာတာ ဖြစ်ပါတယ်။ ခုတပတ် ဒီကိစ္စ အကျိုး​အ​ကြောင်း​ အဆိုး​အ​ကောင်း​ တင်ပြသွား​မှာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့​ ပတ်သက်ပြီး​ အန်အယ်လ်ဒီ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​ဥာဏ်ဝင်း​ပြောတာက​တော့​ ကျမ်း​ကျိန်ရမယ့်​ စာသား​ကိစ္စ နိုင်ငံ​ရေး​ပါတီများ​ မှတ်ပုံတင်​ရေး​ ဥပ​ဒေ၊​ နည်း​ဥပ​ဒေ မှာ ပြင်ဆင်ထား​တဲ့​အတိုင်း​ ပြင်​ပေး​ဖို့​ တင်ပြထား​တာသာ ဖြစ်​ကြောင်း​၊​ လွှတ်​တော်ကို သပိတ်​မှောက်တာလည်း​ မဟုတ်​ကြောင်း​၊​ ကျမ်း​ကျိန်စာသား​ ပြင်ဆင်ရာမှာလည်း​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေကို ပြင်စရာမလိုပဲ လုပ်လို့​ရနိုင်တဲ့​ နည်း​နာ​တွေရှိ​ကြောင်း​၊​ ဒီကိစ္စ အဆင်​ပြေသွား​မယ်လို့​ ​မျှော်လင့်​ကြောင်း​ သတင်း​ထောက်​တွေကို ​ပြောဆိုခဲ့​ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြီး​ခဲ့​တဲ့​ ဧပြီ ၂၃ ရက်​နေ့​က စတဲ့​ လွှတ်​တော်အစည်း​အ​ဝေး​တွေကို အန်အယ်လ်ဒီ အမတ်​တွေ မပါဘဲ ကျင်း​ပ​နေကြပါပြီ။ ဒါနဲ့​ ပတ်သက်ပြီး​ ပြည်တွင်း​ပြည်ပမှာ အမြင်အမျိုး​မျိုး​ ကွဲပြား​နေတာလည်း​ ​တွေ့​ရပါတယ်။

တချို့​နိုင်ငံ​ရေး​သမား​တွေ၊​ သတင်း​ထောက်​တွေက​တော့​ ဒီစကား​လုံး​ဟာ အ​ရေး​ကြီး​တယ်၊​ ဒီ စကား​လုံး​ကြောင့်​ပဲ အန်အယ်လ်ဒီ ၂၀၁၀ ​ရွေး​ကောက်ပွဲ မဝင်ခဲ့​တာ၊​ ဒီ စကား​လုံး​ပြင်​ပေး​လို့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲဝင်တယ်။ ဒါ​ကြောင့်​ လွှတ်​တော်ထဲမှာလည်း​ ဒီ စကား​လုံး​ပြင်ဖို့​ ​တောင်း​ဆိုတာဟာ ​တောင်း​ဆိုသင့်​ ​တောင်း​ဆိုထိုက်တာကို လုပ်တာဖြစ်တယ်၊​ သက်ဆိုင်ရာက သူ့​ဘာသာသူ ပြင်ဆင်​ပေး​လိမ့်​မယ် ဆိုပြီး​ ထင်မြင်သူ​တွေ ရှိပါတယ်။ တချို့​က​တော့​ ဒီလို မမြင်ပါဘူး​။ ​ရွေး​ကောက်ပွဲဝင်ခဲ့​ပြီး​ပြီ။ အနိုင်လည်း​ ရခဲ့​ပြီ၊​ လွှတ်​တော်ထဲ​ရောက်ရင် လုပ်မယ့်​ အလုပ်​တွေထဲမှာ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေကို ပြင်မယ် ဆိုတာကိုလည်း​ ​ပြောပြီး​သား​ ဆို​တော့​ ဘာပဲဖြစ်ဖြစ် လွှတ်​တော် သွား​တက်သင့်​တယ်။ လွှတ်​တော်ထဲ ​ရောက်ပြီး​မှ အဲဒီ ကိုယ်မကြိုက်တာကို ပြင်နိုင်​အောင် ကြိုး​စား​ ဆိုတဲ့​ အမြင်မျိုး​ ဖြစ်ပါတယ်။

တချို့​က​တော့​ ဒီ​လောက် မကပါဘူး​။ ​ရွေး​ကောက်ပွဲနိုင်ပြီး​ လွှတ်​တော်ထဲ ​ရောက်ရင် ဒီ စာသား​တွေနဲ့​ ကျမ်း​ကျိန်ရမှာကို အန်အယ်လ်ဒီ ပါတီ ​ခေါင်း​ဆောင်​တွေ၊​ အကြံ​ပေး​တွေ၊​ အမတ်​လောင်း​တွေ မသိကြဘူး​လား​၊​ ဘာ​ကြောင့်​ ခုလို လွှတ်​တော်က ကိုယ့်​ကိုယ်ဖိတ်မှ ဒီလို ​တောင်း​ဆိုရတာလဲ ဆိုပြီး​ ကရုဏာ​ဒေါ​သော မြင်ကြသူ​တွေလည်း​ ရှိပါတယ်။ တချို့​က​တော့​ အန်အယ်လ်ဒီကို စိုး​ရိမ်ကြတာလည်း​ ရှိပါတယ်။ အန်အယ်လ်ဒီဟာ ၁၉၉၀ တုန်း​က ​ရွေး​ကောက်ပွဲ နိုင်ခဲ့​တယ်၊​ ဒါ​ပေမယ့်​ လွှတ်​တော်လည်း​ မ​ခေါ်နိုင် အစိုး​ရလည်း​မဖွဲ့​နိုင် ဖြစ်ခဲ့​ဖူး​တယ်။ ခုတကြိမ်လည်း​ ဒီအကျပ်အတည်း​ကြောင့်​ အဲလိုဖြစ်မှာကို စိုး​ရိမ်တယ် ဆိုတာမျိုး​ ​ပြောကြပါတယ်။ တချို့​က​တော့​ လက်ရှိ အန်အယ်လ်ဒီက ​တောင်း​ဆိုတာဟာ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေထဲက အပိုဒ်တခုကို ပြင်​ပေး​ဖို့​ ​တောင်း​ဆိုသလို ဖြစ်​နေတယ်၊​ ဒီလို ပြင်နိုင်ဖို့​ဆိုရင် အမတ် ၂၀ ​လောက်က ​တောင်း​ဆိုရမယ်၊​ မဲခွဲရင်လည်း​ရ၅ ရာခိုင်နှုန်း​ကျော်အမတ်​တွေက ​ထောက်ခံရမယ်၊​ ဒီအတွက် အခက်အခဲ​တွေ အများ​ကြီး​ရှိနိုင်တယ်၊​ အန်အယ်လ်ဒီ အ​နေနဲ့​ ဒီလို ခက်ခဲတာမျိုး​ မ​တောင်း​ဆိုသင့်​ဘူး​။ တကယ်လို့​ အာဏာရသူ​တွေဘက်က မလိုက်​လျောရင် အန်အယ်လ်ဒီအ​နေနဲ့​ အရှက်ရစရာ ဖြစ်လိမ့်​မယ်ဆိုပြီး​ ​ထောက်ပြတာမျိုး​လည်း​ ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလို စိုး​ရိမ်ပူပန်မှု​တွေဟာလည်း​ ရှိသင့်​ ရှိထိုက်တဲ့​ စိုး​ရိမ်ပူပန်မှု​တွေသာ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ တဖက်ကနား​လည်ဖို့​ လိုအပ်တာက ဒီ​နေ့​ နိုင်ငံ​ရေး​ဖြစ်စဉ်​တွေ ဘယ်အ​ပေါ်မှာ သွား​နေသလဲ ဆိုတာပါ။ ပြီး​ခဲ့​တဲ့​ ၂၀၁၁ ဦး​သိန်း​စိန် အစိုး​ရ အာဏာလွှဲ​ပြောင်း​ ရယူခဲ့​ပြီး​ချိန်အထိ ဒီ​နေ့​ ဒီလို အ​ပြောင်း​အလဲမျိုး​တွေ ဖြစ်​ပေါ်လာလိမ့်​မယ်လို့​ ဘယ်သူကမှ မမှန်း​ဆမိခဲ့​ကြတာ အမှန်ပါ။ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ဦး​အောင်ကြည်​တွေ့​ဆုံပြီး​နောက် သမ္မတ ဦး​သိန်း​စိန်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် ​တွေ့​ဆုံ​ဆွေး​နွေး​ပြီး​ ရလဒ်​တွေအ​နေနဲ့​ တခုပြီး​ တခု ဖြစ်​ပေါ်လာတာ​တွေသာ ဖြစ်ပါတယ်။ အဓိပ္ပာယ်က​တော့​ ​ဆွေး​နွေး​ညှိနှိုင်း​မှု​တွေက​နေ တဆင့်​ တစ်ဖက်က လိုက်​လျောတယ်၊​ ဒါကို အခြား​တစ်ဖက်ကလည်း​ အပြုသ​ဘောနဲ့​ တုံ့​ပြန်တယ်။ တခါ ဒီ တုံ့​ပြန်ချက်​ကြောင့်​ ​နောက်ထပ် လိုက်​လျောမှု​တွေ ဖြစ်လာပြန်တယ်။ ဒီနည်း​နဲ့​ ညှိနှိုင်း​မှု​တွေ၊​ ရလဒ်​တွေက​နေတဆင့်​ အ​ခြေအ​နေ​တွေ တိုး​တက်လာတာသာ ဖြစ်ပါတယ်။ ဆိုလိုတဲ့​သ​ဘောက​တော့​ လက်ရှိ အစိုး​ရအဖွဲ့​၊​ တပ်မ​တော်၊​ လွှတ်​တော်၊​ တရား​ရုံး​ အား​လုံး​ကို ချုပ်ကိုင်ထား​နိုင်တဲ့​ အာဏာပိုင်​တွေအ​နေနဲ့​ ဖွဲ့​စည်း​ပုံအခြခံဥပ​ဒေကို လာမထိနဲ့​၊​ ပြဋ္ဌာန်း​ထား​ပြီး​သား​ ဥပ​ဒေ​တွေကို လာမပြင်ခိုင်း​နဲ့​ ​ရွေး​ကောက်ပွဲပုံစံဆိုလည်း​ ဒို့​လုပ်ချင်သလို လုပ်တဲ့​ ပုံစံကို လာမ​ပြောနဲ့​၊​ ဒို့​အင်အား​ အပြည့်​ရှိတယ် ဆိုတာမျိုး​ မလုပ်ခဲ့​သလို ​ဒေါ်​အောင်ဆန်း​စုကြည်​ခေါင်း​ဆောင်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကလည်း​ ​ရွှေဂုံတိုင်​ကြေညာစာတမ်း​က​နေ တလက်မမှ မ​လျှော့​ဘူး​ ဆိုတာမျိုး​ မလုပ်ခဲ့​ကြပါဘူး​။ နှစ်ဖက်စလုံး​ အ​ပေး​အယူ လိုက်​လျောမှု​တွေ ကိုယ်စီနဲ့​ ​ဆွေး​နွေး​ညှိနှိုင်း​ရလာတာကို ရဲရဲဝံ့​ဝံ့​ အ​ကောင်အထည် ​ဖော်​နေကြတဲ့​ ဖြစ်စဉ်သာ ဖြစ်ပါတယ်။

အခြား​တဖက်မှာ ကြည့်​ပြန်ရင်လည်း​ လက်ရှိ ဖြစ်တည်လာတဲ့​ လွှတ်​တော်တို့​ အစိုး​ရအဖွဲ့​တို့​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေဆိုင်ရာ ခုံရုံး​တို့​ ဆိုတာ​တွေကလည်း​ တည်ငြိမ်​သေး​တာ မဟုတ်ပါဘူး​။ ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​ကပဲ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ ဆိုင်ရာ ခုံရုံး​က​နေ လွှတ်​တော်က ဖွဲ့​ထား​တဲ့​ ​ကော်မတီ​တွေ ၊​ ​ကော်မရှင်​တွေဟာ ပြည်​ထောင်စုအဆင့်​ မဟုတ်ဘူး​လို့​ ဆုံး​ဖြတ်ခဲ့​တာနဲ့​ ပတ်သက်ပြီး​ ပြည်​ထောင်စုလွှတ်​တော်နာယက ဦး​ခင်​အောင်မြင့်​က ဒါဆို မင်း​တို့​ အစိုး​ရအဖွဲ့​တို့​ ကာကွယ်​ရေး​နဲ့​ လုံခြုံ​ရေး​ကောင်စီတို့​ အ​ခြေခံဥပ​ဒေ ခုံရုံး​တို့​ ဆိုတာ​တွေက​ရော ပြည်​ထောင်စု အဆင့်​ ဟုတ်ရဲ့​လား​ ဆိုပြီး​ ကြမ်း​ကြမ်း​တမ်း​တမ်း​ ​မေး​ခွန်း​ပြန်ထုတ်ခဲ့​ဖူး​ပါတယ်။ ဆိုလိုတာ အန်အယ်လ်ဒီရဲ့​ တင်ပြချက်ကို ပြင်ဆင်ဖို့​ လုံး​ဝ မဖြစ်နိုင်ဘူး​ ဆိုပြီး​ အ​သေဆုပ်ကိုင် မ​တွေး​ကြဖို့​ပါ။ ဒါတင်မက အခု ရက်ပိုင်း​မှာကိုပဲ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ သမ္မတ ဦး​သိန်း​စိန် ထပ်ပြီး​တွေ့​ဆုံခဲ့​ပြီး​ပါပြီ။ ဒီတ​ခေါက် ​ဆွေး​နွေး​ချက်​တွေထဲမှာ ဘာပါသလဲဆိုတာ နှစ်ဖက်စလုံး​က ထုတ်မ​ပြော​ပေမယ့်​ အစိုး​ရအဖွဲ့​တာဝန်တချို့​ ခွဲ​ဝေ​ပေး​ဖို့​ ကမ်း​လှမ်း​တာမျိုး​အထိ ပါခဲ့​တယ်ဆိုတာ ဦး​သိန်း​စိန် ဂျပန်​ရောက်တုန်း​ ​ပြောစကား​တွေအရ သိနိုင်ပါတယ်။ ဒီအတွက် နိဂုံး​ချုပ်အ​နေနဲ့​ ​ပြောရရင် လက်ရှိ အာဏာရသူ​တွေနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ဦး​ဆောင်တဲ့​ အန်အယ်လ်ဒီ ပါတီဟာ ညှိနှိုင်း​ဆွေး​နွေး​တဲ့​ ဖြစ်စဉ်တခုကို ဖြတ်သန်း​နေတာ​ကြောင့်​ ခု ပြဿနာ မကြာခင် ​ပြေလည်သွား​မှာ ဖြစ်ပါ​ကြောင်း​ တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013