DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာ ကုန်စိမ်းဈေးသည် ၉၀၀ ကျော်ကို မဲစနစ်ဖြင့် နေရာသတ်မှတ် ရွှေ့ပြောင်းပေးမည်
DVB
·
December 29, 2017
မိတ္ထီလာ ကုန်စိမ်းဈေးသည် ၉၀၀ ကျော်ကို မဲစနစ်ဖြင့် နေရာသတ်မှတ် ရွှေ့ပြောင်းပေးမည်
Donate to DVB

မိတ္ထီလာမြို့ မြို့မဈေးကြီးအရှေ့ဘက်က ကုန်စိမ်းဈေးသည် ၉၂၀ ကျော်ကို မဲစနစ်နဲ့ နေရာသတ်မှတ်ပေးပြီး ကုန်စိမ်းဈေးတခု ဖွင့်လှစ်ကာ ရွှေ့ပြောင်းရောင်းချစေမယ်လို့ ဒီဇင်ဘာ ၂၉ ရက်မှာ မိတ္ထီလာစည်ပင်သာယာကော်မတီအဖွဲ့ဝင်တဦးက ပြောပါတယ်။

စည်ပင်ကော်မတီအဖွဲ့ဝင် ဦးအောင်ကြိုင်က “မိတ္ထီလာဈေးကြီးနဲ့ မဝေးတဲ့နေရာပါပဲ။ အရင်က ဘဲကန်လို့ခေါ်တဲ့ နေရာကို ရွှေ့ပေးမယ်။ အဲဒီကန်ကြီးကို မြေဖို့ပြီး သန့်စင်ခန်း လျှပ်စစ်မီးတွေ လုပ်ပေးထားတယ်။ ပျံကျဈေး အခင်းအကျင်းဆိုတော့ ဆိုင်ခန်းမလိုဘူးပေါ့။ နေရာ သတ်မှတ်ထားတာကိုပဲ။ နာရီစင်နားက ကန်တော်မင်္ဂလာခန်းမမှာ မဲနှိုက်ရမယ်။ မနေ့ကအထိတော့ ကုန်စိမ်းဈေးသည် ၆၀၀ ကျော် မဲနှိုက်ပြီးပြီ။ အခုက မြို့မဈေးကြီး အရှေ့ဘက်ဘေးက လမ်းဘေးတွေမှာ ကုန်စိမ်းဈေးရောင်းနေရတယ်။ လမ်းလည်း ကျဉ်းသွားတယ်။ ပြည်သူတွေ သွားလာရ ခက်ခဲနေတယ်။ အဲဒါကြောင့် နေရာအတည်တကျ ဖြစ်ပြီး လမ်းကျယ်သွားအောင် ရွှေ့ပေးလိုက်တယ်”လို့ ပြောပါတယ်။

မကျီးခြောက်ရွာ ကုန်စိမ်းဈေးသည် ဒေါ်ကြည်က “မဲမနှိုက်ခင် ဈေးသည်စာရင်း လာကောက်တယ်။ တကယ်ဈေးရောင်းနေတဲ့ ဈေးသည်တွေကို မဲနှိုက်ပြီး နေရာပေးတယ်။ ဒီနေ့ပဲ မဲနှိုက်တယ်။ ၂၅၂/၁ နေရာ မဲပေါက်တယ်။ ဒီလိုလုပ်ပေးတာ ကျေးဇူးတင်တယ်။ နေရာ အတည်တကျမရှိဘဲ နေရာလုပြီး ဈေးရောင်းနေရတဲ့ဘဝ လွတ်သွားတာပေါ့” လို့ ပြောပါတယ်။

မိတ္ထီလာ မြို့မဈေးကြီးအရှေ့ဘက်ဘေးမှာ မူလက ကုန်စိမ်းဈေးတန်းမရှိဘဲ တဦးစ နှစ်ဦးစ ဈေးလာရောင်းရာက ကုန်စိမ်းဈေးတန်း ဖြစ်လာတယ်။ အခုရွှေ့ပြောင်းတာလည်း ယာယီရွှေ့ပြောင်းတာ ဖြစ်တယ်။ တိုင်းအစိုးရက ကုန်စိမ်းဈေးနေရာ သတ်မှတ်ပေးမယ်။ အဲဒီနေရာကတော့ အတည်ဖြစ်မယ်။ အခု ယာယီနေရာမှာ မပါတဲ့ မဲမနှိုက်တဲ့ ဈေးသည်တွေကို တိုင်းအစိုးရ သတ်မှတ်ပေးတဲ့ နေရာကိုလည်း မပေးပါဘူးလို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ဈေးရွှေ့မယ်။ ၂၀၁၈ ဇန်နဝါရီလ ၁ ရက်နေ့မှာ ဈေးစဖွင့်မယ်လို့ သိရပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013