DVB Logo
Home
မြန်မာသတင်း
သံဃာ​အပါး ၁၈၀၀၀ ဆွမ်းဆန်​စိမ်း​လောင်းလှူပွဲအတွက် ရွှေတိဂုံလုံခြုံရေးတိုးမြှင့်
DVB
·
December 29, 2017
သံဃာ​အပါး ၁၈၀၀၀ ဆွမ်းဆန်​စိမ်း​လောင်းလှူပွဲအတွက် ရွှေတိဂုံလုံခြုံရေးတိုးမြှင့်
Donate to DVB

ရွှေတိဂုံ​စေတီ​တော်​မြတ်​ကြီးအား ဂိုဏ်း​ပေါင်းစုံ သံဃာ​တော်​အပါး ၁၈၀၀၀ ဖြင့်​ ဗုဒ္ဓာဘိ​သေက အ​နေကဇာတင်​ မဟာမင်္ဂလာနဲ့ ဆွမ်းဆန်​စိမ်း​လောင်းလှူပွဲ အခမ်းအနားအတွက်​ ဒီကနေ့မနက် ကစပြီး ဘုရားအ​ရှေ့ဘက်​မုဒ်​က ရဲတပ်​ဖွဲ့ဝင်​​တွေ လုံခြုံ​ရေး​စောင်​ကြပ်နေတာကို ​တွေ့ရပါတယ်​။

ဒီဇင်​ဘာလ ၂၈ ရက်​​နေ့က​နေ အခမ်းအနားကျင်းပမယ့်​ ဇန်​နဝါရီလ ၁ ရက်​​နေ့အထိ လမ်း​ဘေး​ဈေးသည်​​တွေကိုလည်း ရှင်းလင်းထားပါတယ်။ ဘုရား​စောင်းတန်းက ​ဈေးဆိုင်​ခန်း​တွေက​တော့ ဒီဇင်​ဘာလ ၃၀ ရက်​​နေ့က​နေ ဇန်​နဝါရီလ ၁ ရက်​​နေ့အထိ ​​ခေတ္တပိတ်​ထားရမှာ ဖြစ်​ပါတယ်​။

ရွှေတိဂုံဘုရား​ပေါ် တက်​​ရောက်​ဖူး​မြော်ဖို့ကိုလည်း​ခမ်းအနားကျင်းပမယ့်​ရက်​မတိုင်​ခင်​ ဒီဇင်​ဘာ ၃၁ ရက်​ည​နေ ၄ နာရီက​နေ ဇန်​နဝါရီ ၁ ရက်​​နေ့ မွန်းလွဲ ၁၂ နာရီအထိ ​​နာရီ​ပေါင်း ၂၀ ယာယီပိတ်​ထားမယ်​လို့ ​ဂေါပကအဖွဲ့က သတင်းထုတ်​ပြန်​ထားပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013