DVB Logo
Home
မြန်မာသတင်း
နာဂလက်နက်ကိုင်အဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင်တွေ့ဆုံ ၂၁ ရာစုပင်လုံညီလာခံတက်ရန် ဖိတ်ခေါ်
DVB
·
December 29, 2017
နာဂလက်နက်ကိုင်အဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင်တွေ့ဆုံ ၂၁ ရာစုပင်လုံညီလာခံတက်ရန် ဖိတ်ခေါ်
Donate to DVB

အိန္ဒိယနယ်စပ်အခြေစိုက် နာဂလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီနဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်  ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ခေါင်းဆောင်တဲ့ ကော်မရှင် အဖွဲ့ဝင်တွေမနေ့က ရန်ကုန်မှာတွေ့ဆုံဆွေးနွေးပါတယ်။

တွေ့ဆုံဆွေးနွေးရာမှာ လာမယ့် ၂၀၁၈ ဇန်န၀ါရီ လကုန်မှာ ကျင်းပမယ့်  ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁)ရာစု ပင်လုံ တတိယအစည်းအဝေးသို့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပြီး စာနဲ့တရားဝင် ဖိတ်ကြားသွားမယ်လို့လည်း အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

တွေ့ဆုံဆွေးနွေးပွဲမှာ ၂၁ ရာစုပင်လုံညီလာခံ ကိစ္စအပြင် နာဂဒေသ တည်ငြိမ်အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေးကိစ္စရပ်တွေ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

နာဂလက်နက်ကိုင်အဖွဲ့ဟာ အရင် သမ္မတဦးသိန်းစိန် လက်ထက်ကကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ခဲ့ပေမယ့် အန်အယ်လ်ဒီ အစိုးရသစ်လက်ထက်ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ ပထမ အကြိမ်အစည်းအဝေးနဲ့ ဒုတိယအကြိမ် အစည်းအဝေးတွေကိုတော့ တက်ရောက်ခဲ့ခြင်းမရှိပါဘူး။

နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီဟာ ၂၀၁၂ ဧပြီလမှာ အစိုးရနှင့် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲ သဘောတူညီမှု လက်မှတ် ရေးထိုးထားပေမယ့်   တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (အန်စီအေ)မှာ ပါဝင်လက်မှတ် ရေးထိုးထားခြင်းမရှိသေးပါဘူး။

၂၀၁၆ ဇူလိုင် ၂ ရက်က ၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေးကော်မတီနဲ့ တွေ့ဆုံခဲ့ပြီးကတည်းက ခုတကြိမ် ရန်ကုန်မှာ ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံတာ ဖြစ်ပါတယ်။

ဓာတ်ပုံ-PC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013