DVB Logo
Home
မြန်မာသတင်း
တောင်​ငူပေါ်​တော်​မူဘုရားရှိ ဆိုင်​ခန်း​များဖယ်​ရှား​ပေးရန်ဆန္ဒပြ
DVB
·
December 28, 2017
တောင်​ငူပေါ်​တော်​မူဘုရားရှိ ဆိုင်​ခန်း​များဖယ်​ရှား​ပေးရန်ဆန္ဒပြ
Donate to DVB
ပဲခူးတိုင်းေ​တာင်​ငူမြို့ (၉) ရပ်​ကွက်​၊ ရန်​ကုန်-မန္တ​လေး ကားလမ်းမ​ဘေးရှိ သမိုင်းဝင်​ဆု​တောင်းပြည့် ပေါ်​တော်​မူ​ဘုရားဝန်းအတွင်း ဖွင့်လှစ်​ထားတဲ့ ဆိုင်​ခန်း​တွေနဲ့ ပတ်​သက်​ပြီး နိုင်​ငံ​တော်​သံဃမဟာနယကအဖွဲ့က ဆုံးဖြတ်ထားတဲ့အတိုင်း လိုက်​နာပြီး ဆိုင်​ခန်း​တွေဖျက်​သိမ်းဖယ်​ရှား​ပေးဖို့ ဒီနေ့ မနက်​က​ ဒေသခံအချို့က ဆန္ဒပြခဲ့ကြပါတယ်​။
ဆန္ဒပြပွဲ ဦးဆောင်​သူဦး​အောင်​​ရွှေက “ဟိုးအရင်​ ​ဂေါပကလက်​ထက်​က (၃) နှစ်​စာချုပ်​ချုပ်​ထားတယ်​ဆိုပြီး မဖယ်​ကြဘူး။ ဖယ်​ရှား​ပေးဖို့ရာကို မြို့နယ်​၊ တိုင်း၊ နိုင်​ငံ​တော်​ သံဃမဟာနာယကအဖွဲ့ ကမ္ဘာ​အေးကုန်း​မြေကအထိ ဆုံးဖြတ်​ချက်​ချထားပြီးသား။ အမျိုးသမီး အဝတ်​အစား​တွေဆိုလည်း အတွင်းခံ​တွေကအစ လူမြင်​ကွင်း​တွေမှာလှမ်းတာဆို​တော့ ဘုရားထဲမှာ အမြင်​မ​တော်​ဘူး​လေ။ နောက်​ပြီးဘုရားထဲက ​ရေချိုးခန်းအိမ်​သာ​တွေကအစ ဘုရားဖူးလာတဲ့သူ​တွေ မသုံးရဘူး။ သူတို့​တွေပဲ သုံး​နေကြတာ။”လို့ပြောပါတယ်။
ဆိုင်ခန်းတွေကို မ.ဟ.နအဖွဲ့က ဒီလ ၂၃ ရက်​​နေ့ ​နောက်​ဆုံးထားပြီး ဖယ်​ခိုင်း ထားပေမယ့်  ဒီကနေ့ထိ ဖယ်ရှားတာမရှိသေးတဲ့အတွက် တရားဝင်ခွင့်ပြုချက်တင်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ 
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo
About Us
For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.
Follow Us
© Democratic Voice of Burma 2013