DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
December 28, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၅၈,၆၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၄၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင် အသင်းမှာတော့ ၁ အိတ်ကို ၆၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၆၃,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ၄,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ ၁ အိတ်ကို ၃၉,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၃၆,၇၀၀ ကျပ်ကနေ ငွေကျပ် ၃၇,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ရန်ကုန်နဲ့ ဘုရင့်နောင် ကုန်စည်ဒိုင် ၁ အိတ်ကို ၁,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲလွန်းဖြူ
ရန်ကုန် ကုန်စည်ဒိုင်မှာ ပဲလွန်းဖြူက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၇၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၈၀,၀၀၀ ပေါက်ဈေးရှိနေပြီး မန္တလေး ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၇၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၈၅,၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာတော့ ပဲလွန်းဖြူက ၁ အိတ်ကို ၅,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ၅,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းနက်
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ  နှမ်းနက်က ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၀၂,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ နှမ်းနက် အများဆုံး ဝင်တဲ့ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၉၇,၅၀၀ ကျပ်  ပေါက်ဈေးရှိပါတယ်။

မန္တလေး ကုန်စည်ဒိုင်နဲ့ ပခုက္ကူကုန်စည်ဒိုင်နဲ့ ၁ အိတ်ကို ၄,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲ v2
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၆.၂၅ ပိဿာဝင် ၁ အိတ်ကို ၉၈,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၀,၀၀၀ ပေါက်ဈေးရှိပြီး ကုလားပဲ အများဆုံးဝင်တဲ့ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၉၉,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။

မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စီပီပြောင်း
စီပီပြောင်း အဓိကထွက်တဲ့ လားရှိုးကုန်စည်ဒိုင်မှာ စီပီပြောင်း ၅၄ ပိဿာဝင် ၁ အိတ်ကို ၂၄,၅၀၀ ကျပ်ကနေ ၂၅,၄၀၀ ကျပ် ပေါက်ဈေးရှိပြီး မန္တလေး ပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၂၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၂၅,၀၀၀ ပေါက်ဈေးရှိပါတယ်။

မန္တလေးမှာတော့ ၁ အိတ်ကို ၂၀၀ ကျပ် ဈေးတက်လာပါတယ်။ လားရှိုးနဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၆၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြပါ သီးနှံဈေးနှုန်းတွေထဲက နှမ်းနက်ကတော့ ဈေးကျဆင်းသွားပါတယ်။ နှမ်းအသစ်တွေ ဝင်ရောက်လာတဲ့အတွက် နှမ်းအဟောင်းတွေ ဈေးကျဆင်းသွားတာ ဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။ ပြီးခဲ့တဲ့လက  ၁ အိတ်ကို ငွေကျပ် ၁၁၀,၀၀၀ ကျော် ပေါက်ဈေး ရှိခဲ့ပေမယ့် ဒီလမှာတော့ ၁ အိတ်ကို ငွေကျပ် ၁၀၂,၀၀၀ ကျော်သာ ရှိပါတော့တယ်။ ၁ အိတ်ကို ၈,၀၀၀ ကျပ်ကျော် ဈေးကျဆင်းသွားပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013