DVB Logo
Home
မြန်မာသတင်း
မင်းတုန်းမြို့နယ် လယ်​​တောထဲတွင် ရွာသား ၁ ဦး ဓားဖြင့်ခုတ်ခံရ
DVB
·
December 28, 2017
မင်းတုန်းမြို့နယ် လယ်​​တောထဲတွင် ရွာသား ၁ ဦး ဓားဖြင့်ခုတ်ခံရ
1 / 2
Donate to DVB

မ​ကွေးတိုင်း​ဒေသကြီး ​မင်းတုန်းမြို့နယ် ​ဥယဉ်​ပု​ကျေးရွာအနီး လယ်​​တောထဲမှာ ဒီဇင်​ဘာ ၂၇ ရက်​​ ည​နေ ၆ ရီလောက်က ရွာသား ၁ ဦး ဓားခုတ်​ခံရပြီး သတိ​မေ့လဲကျ​နေလို့ သွား​ရောက်​ကူညီကယ်​ဆယ်​ရင်း ဓားနဲ့ ခုတ်​သူကို တပါတည်း ဖမ်းဆီးရမိခဲ့တယ်​လို့ မင်းတုန်းမြို့မရဲစခန်းနယ်​ထိမ်း​ခေါင်း​ဆောင်​ ဒုရဲအုပ်​​အောင်​မိုးဝင်းက ​ပြောပါတယ်​။

“ဓားငှားတဲ့ ပြဿနာရှိဖူးလို့ ရန်​စနဲ့ခုတ်​တာလို့ ​ပြောတယ်​။ ရွာလို့သာ​ ပြောတာ ​တောထဲက လယ်​တဲမှာ အ​ဝေးကြီးသွားရတာ”လို့ ဒုရဲအုပ်​​အောင်​မိုးဝင်းက​ ပြောပါတယ်​။

ဥယဉ်​ပု​ကျေးရွာရဲ့ အ​ရှေ့​မြောက်​ဘက်​ ၄ မိုင်​အကွာကပဲ အခင်း​စောင့် နေထိုင်​တဲ့ ဦး​အောင်​ရှိန်​(၄၆-နှစ်)​ဟာ အိမ်​သို့ပြန်​လာချိန်မှာ တဲနီးနေထိုင်သူ ဘိုတိ​ ခေါ် ထွန်း​အောင်​ရှိန်​က​ နောက်​ကလိုက်​ကာ ဓားနဲ့ ခုတ်​တာလို့ဆိုပါတယ်။

ဦး​အောင်​ရှိန်​ရဲ့ ညီမဖြစ်​သူ မဝိုင်းစိန်​က "ဓားဒဏ်​ရာ​တွေနဲ့ လဲနေတာ​တွေ့လို့ အ​မေ့ကိုဖုန်းဆက်​ပြီး ရွာကလူ​တွေအကူညီ​ခေါ်ရတယ်​။ မြို့က ​စေတနာ မွန်​လူမှုကယ်​ဆယ်​​ရေးကား ​ရောက်​လာပြီး ​ဆေးရုံကိုပို့ရတယ်​။ ဒဏ်​ရာ​တွေက​တော့ ဝဲဘက်​နား ရွက်​​အောက်​ဂုတ်​ပိုး ၄ လက်​မခန့်​ပြတ်​ရှဒဏ်​ရာ၊ ဦး​ခေါင်း ဝဲဘက်​ပြတ်​ရှ ဏ်​ရာတချက်​၊ ​မေး​စေ့ပြတ်​ရှ ဒဏ်​ရာတချက်​တို့ ဖြစ်​တယ်​” လို့ ​ပြောပါတယ်​။

မြို့နယ်​​ဆေးရုံအုပ်​ကြီး​ ဒေါက်​တာထွန်းလင်း​အောင်​က “​ရောက်​လာ​တော့ ​BP က ဇီးရိုးဘဲ​သွေး ၂ ပုလင်း သွင်းရတယ်​။ အခု​တော့​  အခြေအနေကောင်းတယ်​​။ စောင့်ကြည့်အ​နေအထားပါပဲ စိုးရိမ်​ရတယ်”လို့ ​ပြောပါတယ်​။

အမှုကို မင်းတုန်းမြို့မရဲစခန်းက (ပ) ၁၃၆/၁၇ နဲ့ အမှုလက်​ခံပြီး ရာဇသတ်​ကြီး ပုဒ်​မ ၃၂၆ နဲ့ အမှုကို ရဲအုပ်​စိုးမိုး​အောင်​က  စစ်​​ဆေး​နေပါတယ်​။

သတင်း - ​နေမှူးလူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013