DVB Logo
Home
မြန်မာသတင်း
၅၂ လမ်း ညဈေးတွင် ဈေးရောင်းချရန် စမတ်ကတ်များစတင်ထုတ်ပေး
DVB
·
December 28, 2017
၅၂ လမ်း ညဈေးတွင် ဈေးရောင်းချရန် စမတ်ကတ်များစတင်ထုတ်ပေး
1 / 5
Donate to DVB

 

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ၅၂ လမ်း၊ နေ့/ညဈေးမှာ ဈေးသည်တွေ ဈေးစတင်ရောင်းချနိုင်ဖို့အတွက် စမတ်ကတ်တွေ ဒီနေ့ စတင်ထုတ်ပေးနေပါတယ်။

ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းနိုင်ဖို့အတွက်နဲ့ လမ်းဘေးဈေးသည်တွေ၊ ဈေးဆိုင်ခန်းတွေနဲ့ စနစ်တကျ ဈေးရောင်းချနိုင်ဖို့ ရည်ရွယ်ပြီးတော့ ခုလို ၅၂ လမ်း နေ့/ညဈေးကို ဖွင့်လှစ်ရတာလို့ ပုဇွန်တောင်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာရုံးမှာ လွှတ်တော် ကိုယ်စားလှယ်တွေ၊ စည်ပင်သာယာက တာဝန်ရှိသူတွေ၊ ဈေးသူဈေးသားတွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီး စမတ်ကတ်တွေကို စတင်ထုတ်ပေးနေတာ ဖြစ်ပါတယ်။

၅၂ လမ်း၊ နေ့/ညဈေးကို ဇန်နဝါရီ ၃ ရက်နေ့ နောက်ဆုံးထားပြီး အပြီးပြောင်းရွှေ့ပေးရမှာ ဖြစ်ပါတယ်။

တကယ်လို့ ပြောင်းလဲပြီး ဈေးဆိုင်ဖွင့်လှစ်ခြင်း မရှိပါက ဈေးဆိုင်ခန်းတွေ ပြန်လည်သိမ်းယူသွားမှာဖြစ်ပြီး စည်ပင်ဥပဒေနဲ့ အရေးယူ ဆောင်ရွက်သွားမယ်လို့ ပုဇွန်တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013