DVB Logo
Home
မြန်မာသတင်း
ပြင်ဦးလွင်အမတ် ဦးအောင်မင်း နုတ်ထွက်ပေးရန် တောင်သူများ​ ဆန္ဒပြတောင်းဆို
DVB
·
December 28, 2017
ပြင်ဦးလွင်အမတ် ဦးအောင်မင်း နုတ်ထွက်ပေးရန် တောင်သူများ​ ဆန္ဒပြတောင်းဆို
Donate to DVB
မန္တ​လေးတိုင်း​ဒေသကြီး စဥ့်ကူးမြို့နယ်​၊ မတ္တရာမြို့နယ်​၊ ပြင်​ဦးလွင်​မြို​နယ်​တို့က ​ဒေသခံ ​တောင်​သူ ၃၀၀ ​ကျော်​က မန္တ​လေးတိုင်း​ဒေသကြီး အမှတ်​(၁) ပြင်​ဦးလွင်​ လွှတ်​​တော်​ကိုယ်​စား လှယ်​ ဦး​အောင်​မင်းကို ကန့်​ကွက်​ပြီး နုတ်​ထွက်​​ပေးဖို့ ပြင်​ဦးလွင်​မြို့၊ ဉာဏ်​​တော​ဘော​လုံးကွင်းမှာ ဆန္ဒပြ​တောင်းဆိုခဲ့ကြပါတယ်​။
တောင်သူတွေကို အကာအကွယ်မပေးလို့ အခုလို ​တောင်းဆိုကြတာလို့ ဆန္ဒပြပွဲကို ဦး​ဆောင်​သူ ​တောင်​သူလယ်​သမားအ​ရေး လှုပ်​ရှားသူ ဦးကိုကိုနိုင်ကပြောပါတယ်။
“လွှတ်​​တော်​ကိုယ်​စားလှယ် တ​ယောက်​အ​နေနဲ့ ​တောင်​သူ​တွေကို အကာအကွယ်မေ​ပေးဘဲ ခရိုနီ​တွေကိုသာ ကာကွယ်​​ပေး​နေတာ​ကြောင့် ​ဒေသခံ​တောင်​သူ​တွေ အများကြီး နစ်​နာခဲ့ကြရတယ်​။ ​တောင်​သူ​တွေဟာ လယ်​ယာ​မြေ​တွေထဲမှာ မရှိဘဲ တရားစွဲခံ​ တောင်​သူ​တွေ များလာလို့ အချုပ်​ခန်းနဲ့ မြို့်​နယ်​တရားရုံးမှာပဲ ​တောင်​သူ​တွေ ရှိ​နေရတယ်​။ ​ပြည်​သူ​တွေ​ ရွေးချယ်​တင်​​မြှောက်​ထားတဲ့ လွှတ်​​တော်​ကိုယ်​စားလှယ်က ပြည်​သူဖြစ်​တဲ့ ​တောင်​သူ​တွေကို ပြန်​မကြည့်တာ​ကြောင့် အခုလို ပြုလုပ် ဆန္ဒထုတ်​​ဖော်​ရတာ”
၂၀၀၆ ခုနှစ် ​စစ်​အစိုးရလက်​ထက်​က ​ကော်​ဖီခြံစီမံကိန်း၊ ကတက်​ပင်​စီမံကိန်းအဖြစ် ​သိမ်းယူခဲ့​တဲ့ လယ်​ယာ​မြေ​တွေကို မူလ​တောင်​သူတွေက ပြန်​လည်​ရယူနိုင်​ဖို့ လွှတ်​​တော်​ ကိုယ်​စားလှယ် ​ဦး​အောင်​မင်းဆီ အကြိမ်​ကြိမ်​ တင်​ပြတိုင်​တန်းခဲ့​ပေမယ့် ​ဆောင်​ရွက်​​ဖြေရှင်း ​ပေးတာ​တွေ မရှိဘူးလို့လည်း တောင်သူတွေကဆိုပါတယ်​။
ဒီကိစ္စလွှတ်​​တော်​ကိုယ်​စားလှယ် ​ဦး​အောင်​မင်းကို ဆက်​သွယ်​​မေးမြန်းရာမှာ ​ဖြေကြားခြင်း မရှိခဲ့ပါဘူး။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo
About Us
For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.
Follow Us
© Democratic Voice of Burma 2013