DVB Logo
Home
မြန်မာသတင်း
လွှတ်တော်ကို ဒရုန်းဖြင့်ရိုက်ရန်ကြိုးစားသည့် နိုင်ငံခြားသားသတင်းထောက်များအမှုရုပ်သိမ်း
DVB
·
December 28, 2017
လွှတ်တော်ကို ဒရုန်းဖြင့်ရိုက်ရန်ကြိုးစားသည့် နိုင်ငံခြားသားသတင်းထောက်များအမှုရုပ်သိမ်း
Donate to DVB

 

လွှတ်တော်ကို ဒရုန်းနဲ့ရိုက်ဖို့ ကြိုးစားတဲ့ နိုင်ငံခြားသားသတင်းထောက်တွေကို စွဲထားတဲ့အမှု ဒီကနေ့ ပြန်ရုပ်သိမ်းလိုက်ပြီး ပစ္စည်းတွေကို သိမ်းဆည်းထားတဲ့အတွက် ပြင်ဆင်ချက်တက်မယ်လို့ တရားလွှတ်တော်ရှေ့နေ့က ပြောပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်နေ့က ၉ ကြိမ်မြောက် ရုံးထုတ်မှာ တရားသူကြီးက အခုလို အမိန့်ချလိုက်တာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

အမှုရုပ်သိမ်းဖို့ ဒီကနေ့ ရုံးချိန်းမှာ တရားလိုဘက်က လျှောက်ထားခဲ့ပြီး ပြစ်မှုထပ်မံ ကျူးလွန်ဖို့လည်း အလားအလာရှိတယ်လို့ ရုံးကမယူဆတဲ့အတွက်ကြောင့် ရုပ်သိမ်းခွင့်ပြု လိုက်တာဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က “ဒီအမှုကနေ ဒီနေ့ကစပြီးလွှတ်လိုက်တယ်။ ဒါပေမယ့် တရားသူကြီးက ဟိုကျန်တဲ့အမှုအတွက်ကတော့ သူ့အချိန်ပြည့်တဲ့အခါမှာ ထောင်ကနေလွှတ်ပါမယ်ဆိုပြီး ပြောလိုက်တယ်။”လို့ပြောပါတယ်။

ခုလို အမှုပြန်ရုပ်သိမ်းပေးလိုက်တာကို ကျေနပ်မှုရှိပေမယ့်  ပစ္စည်းတွေသိမ်းထားတာ  ဥပဒေနဲ့ ညီညွတ်မှုမရှိဘူးလို့ ယူဆတဲ့အကြောင်းလည်း ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။

“သိမ်းထားတဲ့ ပစ္စည်းတွေ ဒရုန်းအပါအ၀င် အထူးသဖြင့် ကိုအောင်နိုင်စိုးရဲ့ Laptop ပါတယ်၊ တယ်လီဖုန်းတွေပါတယ်။ အဲဒီဟာတွေကို အယူခံပြင်ဆင်ရက်ထက်ကျော်ရင် နိုင်ငံပိုင်သိမ်းစေဆိုပြီး အမိန့်ချလိုက်တယ်။ အဲဒီဟာနဲ့ပတ်သက်လို့တော့ ဥပဒေနဲ့ နည်းနည်းလွှဲချော်နေတယ်လို့ ယူတယ်။ လူတစ်ယောက်ကို အပြီးအပြတ် လွှတ်တာ ဒါမှမဟုတ်ရင်လည်း အမှုကို ပိတ်သိမ်းလိုက်တယ်ဆိုရင် ဒီလူအပေါ်မှာ စွပ်စွဲထားတဲ့ အမှုမရှိတော့ဘူး။ အဲဒါဆို အဲဒီစွပ်စွဲတဲ့အမှုနဲ့ပတ်သက်လို့ သိမ်းထားတဲ့ ပစ္စည်းတွေ အကုန်လုံးကို အပ်ပေးတဲ့လူဆီကို အကုန်ပြန်ပေးရတယ်။ ဒါဥပဒေပဲ။ စီရင်ထုံးတွေမှာလည်း အဲဒီလိုပဲ ရှိတယ်။ ဒါဟာ ဥပဒေနဲ့ မညီဘူးလို့ ယူဆတဲ့ အတွက် ပြင်ဆင်ချက်တက်မယ်။ တစ်လအတွင်းတက်ရမှာပေါ့။”

ဖမ်းဆီးခံထားရသူတွေအနေနဲ့  လာမယ့် ဇန်န၀ါရီလဆန်းမှာ အကျဉ်းထောင်ကနေ လျော့ရက်နဲပ ပြန်လည်လွတ်မြောက်လာနိုင်တယ်လို့လည်း ရှေ့နေကပြောပါတယ်။

“ထောင်ပိုင်ကြီးကတော့ သူ့လျော့ရက်ကို ပေးမယ်ပြောတယ်။ သူ့လျော့ရက်ကလည်း ဒီလို အမှုမျိုး နှစ်လ လောက်ဆိုလို့ရှိရင် လေးရက်လောက်ပဲ ပေးလို့ရတယ်ဆိုတော့ ၁၀ ရက်နေ့မှာ အမိန့်ချတာဆိုတော့ ၉ ရက်နေ့မှာ လွှတ်မှာ။ လေးရက်ပေးတယ်ဆိုရင် ဇန်န၀ါရီ ၅ ရက်နေ့ကတော့ သေချာပေါက်လွှတ်မှာပေါ့။ အဲဒီမှာ လူဝင်မှုကြီးကြပ်ရေးက လာပြီးတော့ ညှိနှိုင်းတာရှိတယ်။ သံရုံးတွေကို ညှိနှိုင်းတာ။ နိုင်ငံခြားသားနှစ်ယောက်ကတော့ လွှတ်တာနဲ့ တပြိုင်းတည်း လူဝင်မှုကြီးကြပ်ရေးကနေ ခေါ်ပြီးတော့ ရန်ကုန်ကို တိုက်ရိုက်ပို့မယ်။ လေ ယာဉ်ပေါ်ကို တန်းတင်ပေးပါလို့ ပြောတယ်တဲ့။ ကိုအောင်နိုင်စိုးတို့ကတော့ ထောင်ဗူးဝရှေ့မှာပဲ လွှတ်မှာပေါ့။”

အောက်တိုဘာ ၂၇ ရက်က လွှတ်တော်အနီး ဒရုန်းနဲ့ ရိုက်ဖို့ကြိုးစားတာကြောင့် တူရကီသတင်းဌာနTRTက စင်ကာပူနိုင်ငံသား၊ မလေးရှားနိုင်ငံသူ သတင်းထောက်နှစ်ဦးနဲ့ မြန်မာနိုင်ငံသား စကားပြန် ကိုအောင်နိုင်စိုးနဲ့ ယာဉ်မောင်းတို့ကို ဒရုန်းပျံသန်းမှုကြောင့် လေကြောင်းအက်ဥပဒေနဲ့  ထောင်ဒဏ်နှစ်လစီကျခံဖို့  ဇမ္ဗူသီရိမြို့ နယ်တရားရုံး နိုဝင်ဘာ ၁၀ ရက်နေ့ အမိန့်ချခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013