DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ငြိမ်းချမ်းရေးစကားဝိုင်း လွိုင်ကော်တွင် ကျင်းပမည်
DVB
·
December 28, 2017
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ငြိမ်းချမ်းရေးစကားဝိုင်း လွိုင်ကော်တွင် ကျင်းပမည်
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကယားပြည်နယ် လူထု ကိုယ်စားလှယ်တို့ရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတခုကို မနက်ဖြန် ဒီဇင်ဘာ ၂၉ ရက်မှာ လွိုင်ကော်မြို့နယ်၊ ပြည်နယ်ခန်းမမှာ ပြုလုပ်သွားမယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ထံမှ သိရပါတယ်။

အခုပြုလုပ်မယ့် ငြိမ်းချမ်းရေးစကားဝိုင်းဟာ ငါးကြိမ်မြောက်ဖြစ်ပြီး အရင်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူငယ်၊ ကျေးလက်နေ ပြည်သူတွေ၊ တိုင်းရင်းသားလူမျိုးတွေနဲ့ နေပြည်တော်မှာ နှစ်ကြိမ်၊ ပင်လုံမြို့မှာ တကြိမ်၊ ဝမ်းတွင်းမြို့နယ်၊ မြေတိုင်ကန်ရွာမှာ တကြိမ် ပြုလုပ်ခဲ့ဖူးတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွိုင်ကော်မြို့ကို ရွေးကောက်ပွဲမတိုင်ခင်၂၀၁၄ ခုနှစ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး သွားရောက်ဟောပြောခဲ့သလို ၂၀၁၅ ခုနှစ်ကလည်း ကယားပြည်နယ်သို့ သွားရောက်ကာ မဲဆွယ်စည်းရုံးဟောပြောမှုတွေ ပြုလုပ်ခဲ့သေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013