DVB Logo
Home
မြန်မာသတင်း
လဟယ်မြို့နယ်တွင် နေအိမ် ၆ လုံး မီးလောင်
DVB
·
December 28, 2017
လဟယ်မြို့နယ်တွင် နေအိမ် ၆ လုံး မီးလောင်
Donate to DVB

နာဂတိုင်းရင်းသားဒေသ ဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး လဟယ်မြို့နယ် ကာမွေလော်ရှီကျေးရွာမှာ ဒီဇင်ဘာလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းက ကလေးငယ်တဦး မီးကြွင်းမီးကျန် ဆော့ကစားရာမှ လူနေအိမ် ၆ လုံး လောင်ကျွမ်းသွားတယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ဦးဝမ်လိမ်ရဲ့သားငယ်ဖြစ်သူ ၉ နှစ်အရွယ်ရှိ ကလေးငယ်ဟာ နေအိမ်မီးဖိုက မီးကြွင်းမီးကျန်ကို ဆော့ကစားရာမှ နေအိမ်မီးလောင်ရာ တခြားအိမ်ခြေတွေပါ ကူးစက် လောင်ကျွမ်းသွားတယ်လို့ သိရပါတယ်။

“ရွာက လဟယ်နဲ့ဆို မိုင် ၉၀ လောက်ဝေးတယ်။ ရွာတိုင်းမှာ အရန်မီးသတ်တွေ ဖွဲ့စည်းထားပါတယ်။ အကုန်ဝိုင်းငြှိမ်းသတ်ရတာပေါ့”လို့ စစ်ကိုင်းတိုင်း မီးသတ်ဦးစီးဌာမှ ဦးစီးမှူး ဦးမင်းစန်းအေးက ပြောပါတယ်။

အခုလို မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုးဟာ ငွေကျပ် ၃၀၀,၀၀၀ ခန့် ရှိတယ်လို့ ဆိုပါတယ်။

နေအိမ်တွေ မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး ကလေးငယ်ရဲ့ ဖခင်ဖြစ်သူ ဦးဝမ်လိမ်ကို မီးပေါ့ဆစွာ အသုံးပြုမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် လဟယ်မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားပါတယ်။

မီးလောင်ကျွမ်းခဲ့တဲ့ ကျေးရွာဟာ မြို့နဲ့အလှမ်းဝေးတဲ့ ကျေးရွာဖြစ်တဲ့အတွက် အရေးပေါ် လူမှုအကူညီလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

သတင်း - ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013