DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်မြို့တွင် တရားမဝင် ပျဉ်းကတိုးခွဲသားများ ဖမ်းဆီးရမိ
DVB
·
December 28, 2017
ညောင်လေးပင်မြို့တွင် တရားမဝင် ပျဉ်းကတိုးခွဲသားများ ဖမ်းဆီးရမိ
Donate to DVB

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှာ ဒီဇင်ဘာ ၂၇ ရက်နေ့ ည ၉ နာရီအချိန်က ၆ ဘီးယာဉ် ၁ စီးပေါ်ကနေ တရားမဝင် ပျဉ်းကတိုးခွဲသားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြို့နယ် သစ်တောဦးစီးမှူးက ပြောပါတယ်။

ညောင်လေးပင်မြို့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၉၉/၆ (စိန်သဇင် ဆီဆိုင်) အနီးမှာ မြို့နယ်သစ်တောဦးစီးနှင့်အဖွဲ့မှ သတင်းအရ သွားရောက်စောင့်ဆိုင်းနေစဉ် မန္တလေးဘက်ကနေ ရန်ကုန်ဘက်ကို ယာဉ်မောင်း ကိုမျိုးလွင် မောင်းနှင်လာတဲ့ ၆ ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာမှ တရားမဝင် ပျဉ်းကတိုးသစ်ခွဲသားတွေကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

မြို့နယ်သစ်တောဦးစီးမှူး ဦးသူရအောင်က “လက်ထောက်ညွှန်ကြားရေးမှူးရဲ့ သတင်းအရ စောင့်ဆိုင်စစ်ဆေးနေစဉ်မှာ ဖမ်းဆီးရမိခဲ့တာပါ။ တရားခံကိုလည်း မိပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ဆေးတိုင်းတာချက်အရ တရားမဝင် ပျဉ်းကတိုးခွဲသား ၄၉၅ ချောင်း ၃ တန်လောက် ကာလတန်ဖိုးငွေ ၁၇ သိန်းကျော် ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

တရားမဝင် ပျဉ်းကတိုးခွဲသားတွေ တင်ဆောင်လာသူ ယာဉ်မောင်း ကိုမျိုးလွင်ကို ညောင်လေးပင်မြို့ သစ်တောဦးစီးမှူးက သစ်တောဥပဒေပုဒ်မ ၄၂(ခ) နဲ့ အမှုဖွင့် တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

သတင်း - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013