DVB Logo
Home
မြန်မာသတင်း
ချောင်းသာကမ်းခြေတွင် အပန်းဖြေလာသူများထံမှ ငွေကြေးအတင်းအကျပ် ကောက်ခံနေ
DVB
·
December 28, 2017
ချောင်းသာကမ်းခြေတွင် အပန်းဖြေလာသူများထံမှ ငွေကြေးအတင်းအကျပ် ကောက်ခံနေ
Donate to DVB

ချောင်းသာကမ်းခြေမှာ နေ့ချင်းပြန် အပန်းဖြေခရီး လာရောက်သူတွေဆီက ကားရပ်နားခ၊ ရေချိုးခတွေ အပါအဝင် ငွေကြေး အတင်းအကျပ် ကောက်ခံမှုတွေ ရှိနေတယ်လို့ နေ့ချင်းပြန်ခရီး သွားရောက်ခဲ့သူတွေက ပြောပါတယ်။

နေ့ချင်းပြန် အပန်းဖြေခရီး သွားရောက်သူတွေရဲ့ ကားတွေဟာ လမ်းဘေးမှာ ရပ်နားလို့ မရဘဲ ဟိုတယ်တွေ၊ တည်းခိုခန်းတွေက နှင်ထုတ်တာခံနေရပြီး ခြံဝင်းထဲ ရပ်နားပါကလည်း ၅၀၀၀ ကျပ်ကနေ ၁၀၀၀၀ ကျပ်အထိ ကောက်ခံမှုတွေ ရှိနေတယ်လို့ အပန်းဖြေခရီး သွားရောက်ခဲ့သူတွေက ဆိုပါတယ်။

“နေ့ချင်းပြန်လာတဲ့ အိမ်စီးကားလေးတွေ ရပ်စရာနေရာ မရှိဘူး၊ ကားရပ်မရဘူးဆိုပြီး တည်းခိုခန်းတွေ၊ ဟိုတယ်တွေက မောင်းထုတ်တယ်။ ကားရပ်လို့ရတဲ့ တည်းခိုခန်းက ၅၀၀၀ ပေးရတယ်။ နောက်ရေချိုးခ ၂ ခါ တောင်းလို့ ကျနော်တို့နဲ့ ပြဿနာတက်တာ၊ နေ့ချင်းပြန်လာတဲ့ ကားလေးတွေကို သက်ဆိုင်ရာက ကားရပ်ဖို့နေရာ စီစဉ်ပေးစေချင်တယ်” လို့ ရန်ကုန်မြို့က နေ့ချင်းပြန်ခရီး သွားရောက်ခဲ့သူ ကိုလင်းထိုက်က ပြောပါတယ်။

ချောင်းသာကမ်းခြေ ဟိုတယ်ဇုန်အတွင်းရေးမှူး ဦးနိုင်ဝင်းကတော့ “လူစည်ကားတဲ့ ရုံးပိတ်ရက်တွေမှာ ယာဉ်ကြောမပိတ်ဆို့အောင် အာဏာပိုင်အဖွဲ့အစည်းများမှ ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ဟိုတယ်တွေမှာတည်းရင် ကားပါကင်တွေ ရှိကြောင်း၊ ကားလေးတွေ ဟိုတယ်ရှေ့ လမ်းဘေးမှာ ရပ်လို့ရကြောင်း၊ အခုလိုပြဿနာတွေ ဖြစ်ပွားနေတာဟာ ဟိုတယ်တွေနဲ့ မသက်ဆိုင်ဘဲ ချောင်းသာဇုန်ထဲ မပါဝင်တဲ့ အုန်းတောဘက်က လိုင်စင်မရှိတဲ့ တရားမဝင် ကျူးကျော်တည်းခိုခန်းတွေမှာသာ ဖြစ်ပွားနေခြင်းဖြစ်ပြီး ဟိုတယ်တွေကိုတော့ မိမိဟိုတယ်ရှေ့ကမ်းခြေကိုပါ တနေ့ တခါ သန့်ရှင်းရေး လုပ်စေသည်အထိ စည်းကမ်းတင်းကျပ်ထားတယ်” လို့ ပြောပါတယ်။

“လမ်းဘေးတွေမှာ ရပ်ရင်တော့ လမ်းကျပ်တာတွေ၊ ယာဉ်ကြောပိတ်တာတွေ ဖြစ်ကုန်လိမ့်မယ်။ ဒါပေမယ့် လမ်းက စည်ပင်နယ်နိမိတ်က လမ်းဖြစ်နေတော့ ဟိုတယ်တွေ တည်းခိုခန်းတွေက အဲဒီလိုလုပ်ခွင့် မရှိဘူး။ ဘာလို့ မောင်းထုတ်တာလဲ ဆိုတာတော့ သူတို့ပဲ သိလိမ့်မယ်။ ကားလေးတွေ ရပ်ဖို့ ကားဝင်းတခုရှိတာလည်း သူတို့ဆီလာတဲ့ ကားတွေပဲ ရပ်တာ များတယ်´လို့ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။

ချောင်းသာကမ်းခြေမှာ ဟိုတယ် ၂၁ ခု၊ စည်ပင်လိုင်စင်ရ တည်းခိုခန်း ၁၈ လုံးရှိနေပြီး လိုင်စင်မရှိဘဲ ဖွင့်ထားတဲ့ တည်းခိုခန်းတွေလည်း ရှိတယ်လို့ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဌာန စာရင်းတွေအရ သိရပါတယ်။

သတင်း - မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013