DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာတွင် တရားမ၀င်လောင်စာဆီ သိုလှောင်ရုံမီးလောင်၊ လူ ၂ ဦး ဒဏ်ရာရ
DVB
·
December 28, 2017
လှိုင်သာယာတွင် တရားမ၀င်လောင်စာဆီ သိုလှောင်ရုံမီးလောင်၊ လူ ၂ ဦး ဒဏ်ရာရ
Donate to DVB

 

လှိုင်သာယာမြို့နယ်ထဲက တရားမဝင် လောင်စာဆီ သိုလှောင်တဲ့ နေရာတခုမှာ ဆေးလိပ်မီးကနေတဆင့်  မီးလောင်မှု ဖြစ်ပွားပြီး လူ၂ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ နေ့လယ် ၁ နာရီ ဝန်းကျင်က လှိုင်သာယာမြို့နယ်မှာရှိတဲ့ ဒိုင်စုကျေးရွာ၊ ခြေမြန်တပ် အမှတ် ၅၃၂ ပိုင် လယ်ကွင်းနဲ့ ထိစပ်နေတဲ့ မြေနေရာမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

မီးလောင်ကျွမ်းတဲ့ နေရာဟာ လောင်စာဆီတွေကို တရားမဝင် သိမ်းဆည်းသိုလှောင်ထားတဲ့ နေရာဖြစ်ပြီး ဆိုင်ရှင်ဖြစ်သူရဲ့ ဆေးလိပ်မီးကနေတဆင့် မီးစတင်လောင်ကျွမ်းခဲ့တာလို့ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူ တဦးကပြောပါတယ်။

မီးလောင်ကျွမ်းမှုကြောင့်​ မီးငြှိမ်းသတ်ဖို့ကြိုးစားခဲ့တဲ့ ဝန်ထမ်းတဦး မီးလောင်ကျွမ်း  ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်တဦးလည်း မီးခိုးမွန်တာကြောင့် ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ဓာတ်ဆီ ပီပါပေါင်း ၃၀၊ ဒီဇယ် ပီပါပေါင်း ၂၀ နဲ့ တဲအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှံးမှု တန်ဖိုးအနေနဲ့ကတော့ ၈၈ သိန်း ဆုံးရှုံးခဲ့ရတယ်လို့ မီးသတ် ဦးစီးဌာနက ပြောပါတယ်။

ဒီမီးလောင်ကျွမ်းမှုမှာ လောင်ဆာဆီ ဖြစ်တဲ့အတွက် မီးငြိမ်းသတ်နေချိန်အတွင်း ပေါက်ကွဲမှုတွေ ရှိခဲ့သလို မီးငြိမ်းသတ်တဲ့အခါမှာလည်း Foam လို့ခေါ်တဲ့ ဓာတုဆေးရေနဲ့ ရောပြီး ငြိမ်းသတ်ခဲ့ရပါတယ်။

ဒီမီးလောင် ကျွမ်းမှုကို ၁ နာရီကျေ်ကြာ ငြိမ်းသတ်ခဲ့ရပြီး နေ့ခင်း ၂ နာရီခွဲဝန်းကျင်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။

ဒီမီးလောင်ကျွမ်းမှုကို Level 3 အဆင့် သတ်မှတ်ခဲ့ပြီး မီးသတ်ကားပေါင်း ၅၀ ကျော်နဲ့ မီးသတ်သမားပေါင်း ၂၇၀ ဝန်းကျင်နဲ့ ငြိမ်းသတ်ခဲ့ရတာဖြစ်ပါတယ်။ ဒီမီးလောင်ကျွန်းမှုကြောင့် ဆီဆိုင်ပိုင်ရှင်ကို အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013