DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးသူများကို ဇန်နဝါရီ ၂၂ ရက်တွင်  ပြန်လက်ခံရန်စီစဉ်နေ
DVB
·
December 28, 2017
ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးသူများကို ဇန်နဝါရီ ၂၂ ရက်တွင်  ပြန်လက်ခံရန်စီစဉ်နေ
Donate to DVB

 

 ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေရပ်စွန့်ခွာထွက်ပြေးသွားကြသူတွေကို ၂၀၁၈ ဇန်နဝါရီ ၂၂ ရက် မှာ ပြန်လည်လက်ခံဖို့ စီစဉ်နေတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

   ဒီဇင်ဘာ ၂၇ရက်က ၀န်ကြီးနဲ့  မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်တို့ နေပြည်တော်မှာ တွေ့ဆုံတုန်း ပြောခဲ့တာဖြစ်ပြီး ပထမဆုံးအသုတ်အဖြစ် ဘင်္ဂလားဒေ့ရှ်ဘက်ရောက်ရှိသွားတဲ့ ဟိန္ဒူလူမျိုး  ၄၅၀ ကျော် ပြန်လည်လက်ခံမယ်လို့လည်း ပြောပါတယ်။

ကုန်းလမ်းက ပြန်လည်ဝင်ရောက်လာသူတွေကို တောင်ပြိုလက်ဝဲ၊ ရေလမ်းက ပြန်လည်ဝင်ရောက်လာ သူတွေကို  ငါးခူရစတဲ့  ရေးစခန်း ၂ ခု မှာ ပြန်လည်လက်ခံသွားမှာ ဖြစ်ပါတယ်။

ပြန်လည်ဝင်ရောက်လာမယ့်သူတွေအတွက်အစိုးရဆောင်ရွက်ထားတဲ့  အစီအစဉ်တွေကို ပွင့်လင်းမြင်သာစွာ သတင်းဖြန့်ဖို့  မြန်မာနိုင်ငံလူ့အခွင့် အရေးကော်မရှင်ဥက္ကဋ္ဌက တိုက်တွန်း ပြောခဲ့တယ်လို့  အစိုးရသတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေဟာ  ရခိုင်ပြည်နယ်၊ မောင်တောဒေသကို  ဒီဇင်ဘာ ၁၁ ရက်ကနေ  ၁၅ ရက်အတွင်း သွားရောက် လေ့လာခဲ့ပြီး ကော်မရှင်ရဲ့ တွေ့ရှိချက် အစီရင်ခံစာကို နိုင်ငံတော်သမ္မတ ထံတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်၊မောင်တောခရိုင်အတွင်းသြဂုတ် ၂၅ရက်က ARSA အကြမ်းဖက်အုပ်စုရဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ဘင်္ဂါလီ ၆သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားကြတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013