DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ယမန်နှစ်ကထက် ဒေါ်လာသန်းတစ်ထောင်ခန့် ပိုများလာ
DVB
·
December 28, 2017
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ယမန်နှစ်ကထက် ဒေါ်လာသန်းတစ်ထောင်ခန့် ပိုများလာ
Donate to DVB

 

၂၀၁၇ ခုနှစ် တစ်နှစ်လုံးမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)အဖြစ် ကုန်ထုတ်လုပ်မှုနဲ့ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းတွေ ပြည်တွင်းကို အများဆုံး ဝင်ရောက်လာတယ်လို့  မြန်မာနိုင်ငံရင်းနီးမြှုပ်နှံမှုကော်မရှင်က  သိရပါတယ်။

ရင်းနှီးမြှုပ်နှံမှုပမာဏကတော့ အမေရိကန်ဒေါ်လာသန်း ၅၀၀၀ ကျော်ရှိနေပြီးတော့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကထက် သန်း ၁၀၀၀ လောက်ပိုများတယ်လို့ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊  မန္တလေးတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တွေက ရင်းနှီးမြှုပ်နှံမှု အများဆုံးဒေသတွေအဖြစ် ဦးဆောင်နေပြီးတော့ ရခိုင်၊ ချင်းနဲ့ကယားပြည်နယ်တွေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုံးဝမဝင်ရောက်ခဲ့ဘူးလို့ ဆိုပါတယ်။

၂၀၁၇  အောက်တိုဘာနဲ့ နိုဝင်ဘာ နှစ်လအတွင်းမှာဘဲ လုပ်ငန်းပေါင်း ၃၀ကျော်ကနေ  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ  ဒေါ်လာသန်း ၃၄၀ ကျော်ဝင်ရောက်ခဲ့ကာ ပြည်တွင်း လုပ်သားတွေ ဦးရေ ၁သောင်းခွဲလောက်အတွက် အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ခဲ့တယ်လို့ အစိုးရတရားဝင်ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

အခုနှစ်ကုန်ပိုင်း နောက်ဆုံး ၃ လအတွင်း မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေထဲမှာ လျှစ်ဓာတ်အားထုတ်လုပ်တဲ့ လုပ်ငန်း၊ ပို့ဆောင်ဆက်သွယ်ရေးနဲ့ စက်မှုလုပ်ငန်းတွေ  ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013