DVB Logo
Home
မြန်မာသတင်း
တညင်းကုန်းလက်ကားဈေးသစ်ကြီး စတင်ဖွင့်လှစ်
DVB
·
December 27, 2017
တညင်းကုန်းလက်ကားဈေးသစ်ကြီး စတင်ဖွင့်လှစ်
1 / 4
Donate to DVB

 

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ တညင်းကုန်း လက်ကားဈေးသစ်ကြီးကို ဒီဇင်ဘာလ ၂၆ ရက်နေ့ က စတင်ဖွင့်လှစ်လိုက်ပါတယ်။

တညင်းကုန်းဈေးအပိုင်းတစ်ရဲ့  ဈေးရုံ ၃ ရုံကို စတင် ဖွင့်လှစ်လိုက်တာဖြစ်ပြီး  ဈေးသစ်ကြီးမှာ ဆိုင်ခန်းပေါင်း ၅၀၀၀ ကျော်ရှိတဲ့အနက် တ၀က်လောက်က ဈေးရောင်းဖို့ ငှားရမ်းသွားကြပြီလို့ Myanamr Agro Exchange Public ကုမ္ပဏီက CEO ဦးအောင်ကြီးကပြောပါတယ်။

“ဆိုင်ခန်း ၅၆၀၀ ရှိပြီးတော့ ၂၀၀၀ ကို ဈေးဟောင်းက ရောင်းချမယ့်သူတွေအတွက် ထားထားပါတယ်။ ဆိုင်ခန်း ၃၆၀၀ ကို ပြင်ပက ရောင်းချလိုသူတွေကို ငှားရမ်းထားပါတယ်။ ဒီထဲက ၂၅၀၀ ကျော်ကို လာရောက် ငှားရမ်းသွားကြပါပြီ။ အဲဒီအတွက် ဈေးကို စဖွင့်တာပါ။ လက်ရှိမှာတော့ ရောင်းတဲ့သူ နည်းပါသေးတယ်။ အများစုကတော့ ဇန်နဝါရီ လဆန်းပိုင်းမှ လာဖွင့်ကြမှာပါ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့အကြီးဆုံး လက်ကားဈေးဖြစ်လာမယ့် တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ပန်းမန် အဆင့်မြင့်ဈေးသစ်ကြီးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ Myanmar Agro Exchange Public ကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်ထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013