DVB Logo
Home
မြန်မာသတင်း
တနင်္သာရီမြို့နယ်တွင် ဇနီးဖြစ်သူက အရက်မူးနေသည့် ခင်ပွန်းအား လည်လှီးသတ်
DVB
·
December 27, 2017
တနင်္သာရီမြို့နယ်တွင် ဇနီးဖြစ်သူက အရက်မူးနေသည့် ခင်ပွန်းအား လည်လှီးသတ်
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ဇဝဲကျေးရွာအုပ်စု၊ ပြင်ဝန်းကျေးရွာမှာ ဇနီးဖြစ်သူက အရက်မူးနေတဲ့ ခင်ပွန်းကို  လည်လှီးသတ်မှု ဖြစ်ပွားခဲ့လို့ တရားခံကို လူသတ်မှုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့  နယ်မြေခံရဲစခန်းက စုံစမ်းသိရပါတယ်။

ပြင်ဝန်းကျေးရွာနေ ဦးသန်းရွှေ (၄၆ နှစ်)ဟာ ဒီဇင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းမှာ အရက်ဝယ်ယူဖို့ နေအိမ်မှထွက်သွားပြီး နေ့လယ်ပိုင်းအချိန်ထိ နေအိမ်ကို ပြန်မရောက်တဲ့အတွက် ဇနီးဒေါ်ဝန်ကြည်က ချွေးမဖြစ်သူ မစန်းမော်ကိုခေါ်ပြီး ရွာထဲမှာ သွားရောက်ရှာဖွေခဲ့ပါတယ်။ ဒီနောက် ဦးသန်းရွှေမှာ နေအိမ်နဲ့ ကိုက် ၃၀၀ လောက်အကွာ ကွမ်းသီးခြံထဲမှာ လည်ပင်း (၆-လက်မခန့်)ပြတ်ရှဒဏ်ရာနှင့် လက်ညှိုး၊ လက်ခလယ် ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတယ်ဆိုပြီး  ဒေါ်ဝန်ကြည်က တနင်္သာရီမြို့မရဲစခန်းမှာ တိုင်ကြားခဲ့တာပါ။

လူသတ်မှုသက်သေတွေနဲ့ မိသားစုဝင်တွေကို စစ်ဆေးရာ တရားခံမှာ ဦးသန်းရွှေရဲ့ ဇနီးဖြစ်သူ ဒေါ်ဝန်ကြည်ကိုယ်တိုင် ဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ တနင်္သာရီမြို့မရဲစခန်းမှ တပ်ကြပ်ကြီးကျော်ဆွေက ပြောပါတယ်။

တနင်္သာရီမြို့မရဲစခန်းမှ တပ်ကြပ်ကြီးကျော်ဆွေက “ဦးသန်းရွှေတယောက် သူ့အိမ်နားက ကွမ်းသီးခြံထဲမှာ ဓားဒဏ်ရာနဲ့ သေနေတယ်လို့ ပြောပြီး အမှုဖွင့်ပါတယ်။ ကျနော်တို့က အခင်းဖြစ်တဲ့နေရာကို စစ်ဆေးတယ်။ သက်သေတွေနဲ့ မိသားစုဝင်တွေကို စစ်ဆေးတော့ တရားလို ထွက်ဆိုချက်တွေမှာ မသင်္ကာစရာအချက်တွေ တွေ့လို့ ထပ်ပြီးအသေးစိတ် စစ်ဆေးတဲ့အချိန်မှာ သူ့ယောက်ျားက မူးလာရင် ညှဉ်းပန်းနှိပ်စက်တယ်။ ခုလည်း မူးပြီး ကွမ်းခြံထဲ လဲနေတာ အိမ်ပြန်အိပ်ဖို့ခေါ်တော့ လက်သီးနဲ့ထိုးတယ်။ ဒါကြောင့် အိမ်မှာ ထင်းခွဲနေတဲ့ ဓားမနဲ့ လည်ပင်းကို ၂ ချက်ခုတ်ပြီး ကြိတ်လှီးခဲ့တယ်လို ထွက်ဆိုခဲ့တယ်”လို့ ပြောပါတယ်။

တနင်္သာရီမြို့မရဲစခန်းက ဒေါ်ဝန်ကြည်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013