DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
December 27, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၅၈,၈၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၄၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၅၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၆၀,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ၁,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက ၁ အိတ်ကို ၃၉,၅၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၃၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၈,၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။

ရန်ကုန်နဲ့ ဘုရင့်နောင် ကုန်စည်ဒိုင် ၁ အိတ်ကို ၁,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲလွန်းဖြူ
ရန်ကုန် ကုန်စည်ဒိုင်မှာ ပဲလွန်းဖြူက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၇၆,၈၀၀ ကျပ်ကနေ ငွေကျပ် ၈၀,၀၀၀ ပေါက်ဈေးရှိနေပြီး မန္တလေး ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၇၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၈၀,၀၀၀ ပေါက်ဈေးရှိပါတယ်။

ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ၂,၀၀၀ ကျပ်နီးပါး ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းနက် (စမုံ)
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်(စမုံ)က ၄၅ ပိဿာဝင် ၁ အိတ်ကို ငွေကျပ် ၁၀၀,၀၀၀ ကနေ ၁၂၃,၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

နှမ်းနက်(စမုံ)
အများဆုံး ဝင်တဲ့ ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၉၆,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၂၀,၀၀၀ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကြက်သွန်နီ
ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကြက်သွန်နိက ၁ ပိဿာကို ၅၀၀ ကျပ်ကနေ ၂,၃၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၁၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁,၁၀၀ ကျပ်ကနေ ၂,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။

ပခုက္ကူနဲ့ မြင်းခြံ ကုန်စည်ဒိုင် ၁ ပိဿာကို ၃၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စီပီပြောင်း
လားရှိုး ကုန်စည်ဒိုင်မှာ စီပီပြောင်း ၅၄ ပိဿာဝင် ၁ အိတ်ကို ၂၄,၅၀၀ ကျပ်ကနေ ငွေကျပ် ၂၅,၄၀၀ ပေါက်ဈေးရှိပြီး မန္တလေး ပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၂၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၂၄,၈၀၀ ပေါက်ဈေးရှိပါတယ်။

လားရှိုးနဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၆၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013