DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့နယ် မြိုကျေးရွာတွင် အမျိုးသား ၁ ဦး အသတ်ခံရ
DVB
·
December 27, 2017
မောင်တောမြို့နယ် မြိုကျေးရွာတွင် အမျိုးသား ၁ ဦး အသတ်ခံရ
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း တရိန်း(မြို)ကျေးရွာမှာ  ဒီဇင်ဘာ ၂၆ရက် မွန်းလွဲ ၂ နာရီလောက်က  အမျိုးသား ၁ ဦး အသတ်ခံခဲ့ရပါတယ်။

မောင်တောမြို့နယ် စံကားပင်ရင်းကျေးရွာအုပ်စု တရိန်း(မြို)ကျေးရွာနေ ဦးလောင်းပျော် (၄၅ နှစ်)ဟာ တရွာတည်းနေ ရွာသား ၁၅ ဦးနဲ့အတူ မြို့မိချောင်း(ဘင်္ဂါလီ)ကျေးရွာကို ငါးရှာဖို့ အိမ်က ထွက်ခွာသွားခဲ့ပြီး တဦးတည်း နေအိမ်ကို ပြန်လာခဲ့ရာ နေအိမ်ကို ပြန်ရောက်မလာဘဲ ပျောက်ဆုံးနေတာပါ။

ပျောက်ဆုံးသူ ဦးလောင်းပျော်ကို ဒီဇင်ဘာ ၂၇ ရက်မှာ နယ်ခြားစောင့် (၂) တရိန်း(ရခိုင်)ရွာ လုံခြုံရေးကင်းစခန်းမှ ဒုရဲအုပ် မိုးအောင် ဦးစီးပြီး ကျေးရွာသူရွာသား ၄၀ လောက်က လိုက်လံရှာဖွေရာ မြိုမိချောင်း(ဘင်္ဂါလီ)ကျေးရွာအနီး လယ်ကွင်းပြင်မှာ မနက် ၈ နာရီခွဲလောက်က အလောင်းကို တွေ့ရှိခဲ့တယ်လို့ တရိမ်းကျေးရွာသားကို မောင်အေးက ပြောပါတယ်။

“ကျနော်တို့က မနေ့က ညကတဲ့ လိုက်ရှာမလို့ပါ။ မိုးချုပ်သွားတာဆိုတော အခု ပျောက်နေတဲ့ လူက အိမ်ကို ပြန်မရောက်တာ ညနက်ပြီးမှ သိတာ။ နောက်တနေ့မနက်မှာ ရွာသားတွေစုပြီး လုံခြုံရေးအဖွဲ့တွေနဲ့ လိုက်ရှာတော့ ဒီနေ့ မနက် ၈ နာရီလောက်မှာ အလောင်းတွေ့တာပါ။ အခု အလောင်းကို မောင်တောမြို့ဆေးရုံကို သယ်နေပါတယ်” လို့ ပြောပါတယ်။

လူသတ်မှုနဲ့ ပတ်သက်ပြီး တရားခံ ဖမ်းဆီးရမိရေးနဲ့ အမှုမှန်ပေါ်ပေါက်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013