DVB Logo
Home
မြန်မာသတင်း
တရားဥပဒေစိုးမိုးမှုရှိမှ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင်အထည်ဖော်နိုင်မည်
DVB
·
December 27, 2017
တရားဥပဒေစိုးမိုးမှုရှိမှ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင်အထည်ဖော်နိုင်မည်
Donate to DVB

 

ဒေသတွင်း တရားဥပဒေစိုးမိုးမှုရှိမှပဲ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေကို အကောင်အထည်ဖော် လုပ်ဆောင်နိုင်မယ်လို့  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ဒီဇင်ဘာ ၂၆ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ  လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များမှာ ဖော်ပြထားတဲ့ ကဏ္ဍ(၁၈)ခုရှိပြီး ကဏ္ဍတိုင်းမှာ ၀န်ကြီးဌာန တစ်ခုတည်း အကောင်အထည်ဖော်ရတဲ့ လုပ်ငန်းတွေထက် ၀န်ကြီးဌာနသုံး၊ လေးခု ပေါင်းစပ်အကောင်အထည်ဖော်ရတဲ့ လုပ်ငန်းရပ်တွေက ပိုများတယ်လို့လည်း ၀န်ကြီးက ပြောပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဟာ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော် လုပ်ဆောင် နေရတာဖြစ်ပါတယ်။

ကော်မတီကို အကြံပေးမယ့် ပြည်တွင်းပြည်ပ အတွေ့အကြုံတွေကိုအခြေခံပြီး အကြံပြုပေးမယ့် အကြံပေးအဖွဲ့ကိုလည်း ဖွဲ့စည်းပေးထားပြီးဖြစ်ပေမယ့် အကောင်အထည်ဖော်မယ့် ကော်မတီနဲ့ ဒီနေ့ထိ တွေ့ဆုံနိုင်ခြင်း မရှိသေးပါဘူး။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဟာ   (၄) လတစ်ကြိမ် အစီရင်ခံစာထုတ်ပြန်ပြီး  ပြည်သူကို အသိပေးရမှာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013