DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံရိုက်တာသတင်းထောက် ၂ ဦးကို ပထမဆုံးအကြိမ် ရုံးထုတ်
DVB
·
December 27, 2017
ဖမ်းဆီးခံရိုက်တာသတင်းထောက် ၂ ဦးကို ပထမဆုံးအကြိမ် ရုံးထုတ်
1 / 4
Donate to DVB

 

မြန်မာနိုင်ငံ လျှို့ဝှက်ချက်များ အက်ဥပဒေနဲ့ တရားစွဲဆိုခံထားထားရတဲ့ ရိုက်တာ သတင်းဌာနက   သတင်းထောက်  ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့ မနက်က မင်္ဂလာဒုံမြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ်ရုံးထုတ်ပါတယ်။

သူတို့ဟာ သတင်းသမားအလုပ်ကို လုပ်ခဲ့တာကြောင့် အပြစ်မရှိဘူးလို့ ပြောဆိုတယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်ကပြောပါတယ်

“ကျနော်တို့မှာ အပြစ်မရှိပါဘူး။ ကျနော်တို့ဟာ သတင်းသမားတွေပါ ကိုယ့်အလုပ်ကို ကိုယ်လုပ်ခဲ့တာပါလို့ ကိုဝလုံးက ပြောဆိုခဲ့ပါတယ်။”

ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေကို CID ရုံးမှာထားရှိကာ စစ်ဆေးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အင်းစိန်ထောင်ကို ပို့ဆောင် လိုက်ပါတယ်။ ဒုတိယ အကြိမ်ရုံးချိန်းကိုတော့ ဇန်နဝါရီ ၁၀ ရက်နေ့မှာ ပြန်လည်ချိန်းဆိုလိုက်တယ်။

ရိုက်တာသတင်းထောက် ကိုဝလုံး(ခ) ကိုသက်ဦးမောင်နဲ့ ကိုကျော်စိုးဦး(ခ)ကို မိုးအောင်တို့ကို  ရဲတပ်ဖွဲ့ဝင်နှစ်ဦးဆီက တရားမ၀င်သတင်းအချက်တွေ ရယူလို့ဆိုပြီး ဒီဇင်ဘာ ၁၂ ရက်က မင်္ဂလာဒုံမြို့နယ်မှာ ဖမ်းဆီးခဲ့ပြီး  အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်ထိချမှတ်နိုင်တဲ့ ဗြိတိသျှကိုလိုနီခေတ်က ၁၉၂၃ ခုနှစ် အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲ ထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013