DVB Logo
Home
မြန်မာသတင်း
မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှု အမေရိကန် ဒေါ်လာ (၁)  ဘီလီယံထိတိုးလာ
DVB
·
December 27, 2017
မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှု အမေရိကန် ဒေါ်လာ (၁)  ဘီလီယံထိတိုးလာ
Donate to DVB

 

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ မြန်မာ-တရုတ် နယ်စပ်  ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ (၁) ဘီလီယံအထိ တိုးတက်ခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။

ဒီဇင်ဘာ ၂၆ ရက်က  တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့မှာ ပြုလုပ်ခဲ့တဲ့ (၁၆) ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပင်လယ်ရေကြောင်းအပါအဝင် စုစုပေါင်း ကုန်သွယ်မှု ပမာဏဟာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ (၁၀ ဒသမ ၈၁) ဘီလီယံအထိ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

  မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ဟာ မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါရုံ သာမက ဒေသတွင်း အရှေ့တောင်အာရှနဲ့  တောင်အာရှ နိုင်ငံများအကြား မဟာဗျူဟာကျတဲ့ ကုန်သွယ်ရေးဇုန် တစ်ခုဖြစ်ပါတယ်။

 နှစ်နိုင်ငံနယ်စပ်မှာ ကုန်စည်ပြပွဲကျင်းပတာဟာ နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုစေမှာ ဖြစ်တယ်လို့ မြန်မာအစိုးရက မျှော်မှန်းထားပါတယ်။

    တရုတ်-မြန်မာ နှစ်နိုင်ငံကုန်စည်ပြပွဲကို ၂၀၀၁ ခုနှစ်က စတင်ပြီး နှစ်နိုင်ငံအလှည့်ကျ ကျင်းပလာခဲ့တာ  အခုအကြိမ်က  (၁၆) ကြိမ်မြောက် ကျင်းပတာဖြစ်ပါတယ်။

     အခုပြပွဲမှာ  မြန်မာနိုင်ငံဘက်က ကုမ္ပဏီပေါင်း ၃၉ ခုရဲ့ ပြခန်းပေါင်း ၅၄ ခန်း ပြသနေပြီး တရုတ်နိုင်ငံဘက်က  ပြခန်းပေါင်း ၁၅၀ ခန့် ခင်းကျင်း ပြသနေပါတယ်။

ဓာတ်ပုံ-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013