DVB Logo
Home
မြန်မာသတင်း
ဝိနည်းသည် သာသနာတော်၏ အသက်ပင် ဖြစ်ကြောင်း ဗန်းမော်ဆရာတော်ကြီးမိန့်ကြား
DVB
·
December 27, 2017
ဝိနည်းသည် သာသနာတော်၏ အသက်ပင် ဖြစ်ကြောင်း ဗန်းမော်ဆရာတော်ကြီးမိန့်ကြား
Donate to DVB

 

မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်မှာ ဝိနည်းဒေသနာတော်ကြီးတစ်ခု တည်မြဲပါက သာသနာတော်ကြီးတည်မြဲ နိုင်တယ်  ဝိနည်းဟာ သာသနာတော်ရဲ့ အသက်ပင်ဖြစ်တယ်လို့   ဗန်းမော်ဆရာတော်ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသကမိန့်ကြားလိုက်ပါတယ်။

မနေ့က  ရန်ကုန်မြို့  ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာ ဓမ္မသဘင်မှာ ကျင်းပတဲ့ အကြိမ် (၇ဝ) မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲအခမ်းအနားမှာ မိန့်ကြားသွားတာလို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

“ဝိနည်းဆိုသည်မှာ မြတ်စွာဘုရားရှင်၏ အဆုံးအမ သြဝါဒပင်ဖြစ်ပေသည်။ ဝိနည်းနှင့် သာသနာမှာ ရဟန်းတော် များ၌သာ ရှိသည်မဟုတ် လူပုဂ္ဂိုလ်များ၌လည်း လူပုဂ္ဂိုလ်များ အလိုက် ငါးပါးသီလအစရှိသော လူ့ဝိနည်း လူ့ကျင့်ဝတ် လူ၏ယဉ်ကျေးမှုများ ရှိကြပေသည်။ လူဖြစ်စေ ရဟန်းဖြစ်စေ အကြင်ပုဂ္ဂိုလ်သည် ဘုရားရှင်၏ အဆုံးအမသြဝါဒအတိုင်း လိုက်နာကျင့်သုံး၏။ ထိုပုဂ္ဂိုလ်၏သ္တာန်၌ သာသနာတည်ရှိ နိုင်ပါသည်”

မြန်မာနိုင်ငံတော်ကြီး အေးချမ်း သာယာဖွံ့ဖြိုးပြီး နိုင်ငံသူနိုင်ငံသားအားလုံးတို့လည်း နိဗ္ဗာန် တိုင်ထိ သမ္ပတ္တိအကျိုးများ ရရှိနိုင်ကြစေဖို့နဲ့  စာပြန်စာဖြေ အရှင်မြတ်တွေလည်း စာမေးပွဲကိုလည်း ချောမောစွာ ရေးသား ဖြေဆိုနိုင်ကြစေဖို့လည်း ဗန်းမော်ဆရာတော်ကြီးက ဆုတောင်းပေးသွားပါတယ်။

အကြိမ်(၇၀)မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကို  ဒီဇင်ဘာ ၂၆ရက်ကနေ  ၂၀၁၈  ဇန်နဝါရီ ၂၇ ရက်အထိ ၃၃ ရက်တိုင် ကျင်းပသွားမည် ဖြစ်ပြီး အာဂုံပြန်ဆို စာမေးပွဲကို သံဃာ တော် အပါး ၂၁၀ နဲ့ ရေးဖြေစာမေးပွဲကို သံဃာတော်အပါး ၁၇၀ တို့ ဖြေဆိုတော်မူကြမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို  ၁၃၁၀ ပြည့်နှစ်က စတင်ကျင်းပခဲ့ပြီး  (၆၉)ကြိမ် မြောက်အထိ တိပိဋကဓရ တိပိဋက ကောဝိဒ အာဂုံနဲ့ ရေးဖြေအောင် သာသနာ့အာဇာနည် အရှင်သူမြတ် ၁၄ ပါးနဲ့  တိပိဋကဓရ ပိဋကသုံးပုံ အာဂုံ ဆောင် သာသနာ့အာဇာနည် ခုနစ်ပါးတို့ ပေါ်ထွန်းခဲ့ပါတယ်။

ဓာတ်ပုံ-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013