DVB Logo
Home
မြန်မာသတင်း
လွှတ်တော်ကို ဒရုန်းဖြင့်ရိုက်ရန်ကြိုးစားသည့် သတင်းထောက်များအမှု ရုပ်သိမ်းရန်လျှောက်ထား
DVB
·
December 26, 2017
လွှတ်တော်ကို ဒရုန်းဖြင့်ရိုက်ရန်ကြိုးစားသည့် သတင်းထောက်များအမှု ရုပ်သိမ်းရန်လျှောက်ထား
Donate to DVB

လွှတ်တော်ကို ဒရုန်းနဲ့ ရိုက်ဖို့ကြိုးစားတဲ့ နိုင်ငံခြားသတင်းထောက်များအမှု နှစ်နိုင်ငံချစ်ကြည်ရေးအရ ရုပ်သိမ်းပေးဖို့ တရားလိုဘက်က တရားရုံးမှာ လျှောက်ထားလိုက်ပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်နေ့က ၈ ကြိမ်မြောက်ရုံးထုတ်မှာ တရားလိုရဲအုပ်က အခုလို စွဲထားတဲ့ အမှုတွေရုပ်သိမ်းဖို့ လျှောက်ထားလိုက်တာဖြစ်တယ်လို့ ရှေ့နေ့ ဦးခင်မောင်ဇော်က ပြောပါတယ်။

အမှုတင်တဲ့တရားလိုအဖြစ်ဆောင်ရွင်တဲ့ ရဲအုပ်ဦးထွန်းထွန်းဝင်းကနေပြီး အခုအမှုကို ရုပ်သိမ်းဖို့လျှောက် ထားလိုက်တာဖြစ်တယ်လို့ ဒီအမှု အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ်။

“တရားခံ ၄ ဦး၏ ပြုလုပ်မှုသည် နိုင်ငံတော်၏ လုံခြုံရေးကို ထိခိုက်စေ မည့်ရည်ရွယ်ချက်မတွေ့ရှိရ၍ လည်းကောင်း၊ မလေးရှားနိုင်ငံသူနှင့် စင်္ကာပူနိုင်ငံသားတို့နှင့်ပတ်သက်၍ နှစ် နိုင်ငံချစ်ကြည်ရေးကိုရှေ့ရှု၍ လည်းကောင်း အမှုအားရုပ်သိမ်းခွင့်လျှောက်ထားရန် ဖုန်းဖြင့် ညွှန်ကြားလာသဖြင့် ရည်ညွန်းချက်ပါအမှုမှ တရားခံ ၄ ဦးအပေါ်စွဲဆိုထားသောအမှု အားရုပ်သိမ်းခွင့် ပြုပါရန်လျှောက်ထားအပ်ပါ သည်ဆိုပြီးလျှောက် သွားတယ်။ လျှောက်တဲ့အခါ ကျတော့ ရုံးရဲ့ထုံးစံအရ တရားလိုကလျှောက်တယ်။ ဥပဒေ အရာရှိကိုသဘော ထားတောင်းရ ပါတယ်။ ရဲကပဲရုပ်သိမ်းတာ သို့သော် ရဲတပ်ဖွဲ့ကိုပဲ ဥပဒေအရာရှိက သဘော ထားမှတ် ချက်ထပ်တောင်းရတယ်။ ၂၉ ရက်နေ့ကျရင် ဥပဒေအရာရှိက ရုပ်သိမ်းပေးရင် အဲ့ဒီနေ့မှာဘဲ အမှုကို ပိတ်သိမ်းကြောင်းအမိန့်ချပါလိမ့်မယ်။ ဒုတိယအမှုဖြစ်တဲ့ လ.၀.က ဥပဒေ ၁၃(၁)အရ အမှုကလည်း ရုပ်သိမ်းမှာ ပါလို့ ဦးထွန်းထွန်းဝင်းက လည်းပြောပါတယ်။ ဒါပေမယ့် အဲ့ဒီအမှု နှစ်ခုစလုံးက ရုံးကအမိန့်ချဖို့၊ ရုပ်သိမ်းခွင့် ပြုဖို့ဆိုရင်တော့ ၂၉ ရက်နေ့ကျမှ ရုပ်သိမ်းခွင့်ပြုပါ လိမ့်မယ်။”လို့ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေအနေနဲ့ အကျဉ်းထောင်ကနေ လာမယ့် ဇန်န၀ါရီလဆန်းပိုင်းေ လာက်မှာ ပြန်လည်လွတ်မြောက်လာလိ့မယ်လို့လည်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ်။

“ဒီနှစ်မှုရုပ်သိမ်းပေမယ်လို့ သူတို့နဂိုကျထားတဲ့ ပြစ်မှုအတွက်က သူ့ရဲ့အမှု အရ ၂၀၁၈ ဇန်န၀ါရီ ၉ ရက်နေ့ကျမှ ပြည့်မှာပါ။ သို့သော် ကျွန်တော်တို့ အမှုသည်တွေရဲ့ အပြောအရ ထောင်ပိုင်ကြီးရဲ့လျော့ရက်က ၄ ရက် ပေးထားပါ တယ်တဲ့။ အဲ့ဒီအတွက် ဇန်န၀ါရီ ၅ ရက်မှာ လွတ် မယ်ပေါ့။ သေခြာပေါက်ကတော့ မဖြစ်နေ ၅ ရက်နေ့က လွတ်လာပါလိမ့်မယ်။ လွတ်ကို လွတ်တော့မှာပေါ့။ အဲ့တော့ သူတို့သဘောထားတွေကတော့ ကောင်းပါတယ်။ လုံခြုံရေးလည်းမထိခိုက်ဘူး။ နှစ်နိုင်ငံချစ် ကြည်ရေးတွေအတွက် နိုင်ငံခြားသားတွေလည်းပါ နေလို့ လွှတ်ပေးလိုက်တယ်ပေါ့။ ဒါလွတ်ကို လွတ်မှာပါ။ အဲ့တော့ အားလုံးက ၂၉ ရက်မှာ အမိန့်ချမယ်။ အရင်အမှုအတွက်က ရှိနေသေးတဲ့အတွက်ကြောင့် ဇန်န၀ါရီ ၅ ရက်နေ့တော့ သေချာပေါက်လွတ်ကြမယ်ပေါ့။ ဒါပေမယ့် လွတ်လပ်ရေး လျော့ရက်ရှိရင်တော့လည်း ၃ ရက်နေ့ လွတ်ချင်လွတ်မှာပေါ့ဗျာ။”

တူရကီအခြေစိုက် TRTသတင်းဌာနက  စင်ကာပူနိုင်ငံသား သတင်းထောက်တဦး၊ မလေးရှားနိုင်ငံသား သတင်းထောက် တဦး၊ မြန်မာနိုင်ငံသား ဘာသာပြန်တဦးနဲ့ ကားမောင်သမားတဦး စုစုပေါင်း ၄ ဦးတို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့က လေကြောင်း အက်ဥပဒေ ပုဒ်မ ၁၀ နဲ့ ထောင်ဒဏ် ၂ လစီချမှတ်ခံခဲ့ရတာဖြစ်ပြီး သွင်းကုန်ပို့ကုန် ပုဒ်မ ၈၊ ပုဒ်မ ၁၀ တို့နဲ့ တရားစွဲဆိုခံထားရဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ-TRT

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013